Ep - 12

1.4K 237 3
                                    

Chapter 1541  :   ချိုင်းထောက် ပိုဝယ်လိုက်ပါဦး...

ပထမဆုံး ကျော်ဖြတ်ရမည့် အတားအဆီးမှာ ရှီစီနန်၏ ၁၈နှစ််ပြည့် မွေးနေ့သာဖြစ်သည်။

နဉ်ရှု ရှီစီနန်ကို မနှစ်သက်သော်လည်း ရှီးမုချန်း ရှီလီနာ၏သမီးဖြစ်သူအား အနိုင်ကျင့်မည်ကိုတော့ လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ ဒီအဖြစ်အပျက်အား ရှောင်ရှားနိုင်ပါက သူမအနေဖြင့် အမှတ်များများပင် ရနိုင်သည်။

သို့ပေမယ့် ဇာတ်ကြောင်းမှ သွေဖည်၍ ဒီတစ်ကြိမ် ရှောင်ရှားနိုင်ရင်တောင် နောက်တစ်ကြိမ်၊ ထပ်ပြီး နောက်တစ်ကြိမ်သာ ဖြစ်လာလိမ့်မည်။  နဉ်ရှု ရှီစီနန်နောက်သို့ နေရာတိုင်း အချိန်မရွေး လိုက်မနေနိုင်ပေ။

နဉ်ရှု    :     နာကျင်နေပါပြီနော်   ):

ညစာစားနေချိန်တွင် ရှီးမုချန်းသည် နဉ်ရှုကို ကြည့်ကာ အဘိုးရှီအား ပြောလိုက်သည်။

"အဖေ..ဒီကား မတော်တဆကို စစ်ဆေးပေးဖို့ ရဲခေါ်လိုက်မယ်.."

ရှိးမုချန်း နဉ်ရှုအား စိုက်ကြည့်ရင်း ပြောနေတာကြောင့် တစ်ခုခု ရိပ်မိနေသည်မှာ သေချာသလောက်ပင် ဖြစ်သည်။

အဘိုးရှိသည် ရှီးမုချန်းကိုကြည့်ပြီး၊ သူ့အကြည့်က ရှီးမုချန်း ဦးတည်ရာ နဉ်ရှုဆီသို့ ရောက်လာပေမယ့် ဘာမှဝင်မပြောပေ။

နဉ်ရှုကတော့ အေးဆေးတည်ငြိမ်စွာ ညစာကိုသာ အာရုံစိုက် စားနေသည်။

ဘယ်သူ့ကို လာခြောက်ဖို့ ကြိုးစားနေတာလဲ..? သူ့ကားကဖြင့် မီးတောင် ကျွမ်းသွားနေပြီ။ သူက ဘာတွေ ထပ်စုံစမ်းချင်ပြန်ရတာလဲ..ဟမ့်?!

အဘိုးရှီက အရာအားလုံး ချောချောမွေ့မွေ့ဖြစ်သွားစေရန် ကြိုးစာလိုက်သည်။

"ကား အသစ်ပဲ ဝယ်လိုက်.."

ရှီးမုချန်း၏ အမူအယာမှာ လုံးဝ အေးစက်သွားသည်။ ရန်ငြိုး၊ အမုန်းတရားများက လက်ခနဲ ဖြစ်သွားပေမယ့် ချက်ချင်း ထိန်းလိုက်သည်။

"အဖေ ပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါမယ်.."

နဉ်ရှု တစ်ခွန်းမျှ ဝင်မပြောဘဲ စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများကိုသာ ယူစားနေသည်။

Realm 24  :  Hello, UncleWhere stories live. Discover now