Ep - 69

1.2K 235 11
                                    

Chapter  1598       :       မင်းဘယ်သူလဲ ?

နဉ်ရှု  ရှီစီနန်ကို အသာတွန်းနှိုးလိုက်ပေမယ့် နိုးမလာချေ။ ထိုအစား တစ်ဖက်လှည့်အိပ်လိုက်ချိန် ကုတင်က တကျွိကျွိအသံ ဆူညံသွားသည်။

"ထတော့ ၊ ထတော့ .... "

နဉ်ရှု ထပ်အော်နှိုးလိုက်သည်။

ရှီစီနန် မျက်လုံးများ ပွင့်လာဟန်တူသည်။ နဉ်ရှုကို တွေ့လိုက်ရတာကြောင့် ခက်ခက်ခဲခဲ ထထိုင်ဖို့ကြိုးစားရင်း ခေါ်လာသည်။

"အမေ"

"မင်းအဘိုးပြန်လာပြီ ၊ သွားနှုတ်ဆက်လိုက်ဦး "

နဉ်ရှု ရှီစီနန်ကို သွားနှုတ်ဆက်ရန် ပြောလိုက်သည်။

ရှီစီနန် ကုတင်ပေါ်ကနေ ရုန်းကန်ထရင်း အဘိုးရှီအခန်းကို ဆင်းလာခဲ့သည်။ နဉ်ရှုလည်း သူမနောက်ကနေလိုက်လာပြီး အခန်းထဲဝင်လိုက်သည်။
အခန်းထဲ၌ ထိတ်လန့်သော အဘိုးရှီအသံထွက်ပေါ်လာသည်။

"မင်း ဘယ်သူလဲ ?"

"အဘိုး ၊ ကျမပါ ... စီနန်လေ "

ရှီစီနန် တိုးတိတ်စွာ ပြောလေသည်။

အဘိုးရှီ အချိန်အတော်ကြာအောင် ပြောစရာစကားမဲ့သွားသည်။

"မင်း ဘာလို့ ဒီလိုကြီးဖြစ်သွားရတာလဲ ?"

"အဘိုး ၊ ဦးလေး ဘယ်မှာလဲဆိုတာ အဘိုးသိလား ?"

ရှီစီနန် မျက်ရည်များ စတင်ကျလာပြီး မေးလေသည်။

အဘိုးရှီ မျက်နှာအရောင်မှာလည်း မြင်မကောင်းလောက်အောင် ပြောင်းသွားရသည်။

"မင်းအဘိုးက ဆေးရုံတတ်နေတာလေ ၊ မင်းဦးလေးလို ကျန်းမာတဲ့သူတစ်ယောက် ဘယ်ရောက်နေလဲ ငါဘယ်လိုလုပ်သိမှာလဲ ?"

ရှီစီနန်အမူအရာမှာ ကွဲအက်သွားရသည်။ သူမမျက်နှာ နီရဲပြီး ဘယ်လောက်ရုပ်ဆိုးနေတယ်ဆိုတာ ရှင်းပြစရာတောင်မလို။
အဘိုးရှီသက်ပြင်းချကာ
" အဘိုး ပင်ပန်းနေပြီ ၊ မင်းထွက်သွားတော့ "

"အဘိုး ၊ ဦးလေး ဘယ်သွားမှန်း တကယ်မသိဘူးလား ?"

ရှီစီနန် အနည်းငယ် မကျေနပ်သေးဟန်နှင့် ထပ်မေးသည်။
သူမဦးလေး ဘယ်ရောက်နေမှန်း ဘယ်သူမှ မသိကြဘူးလား ?

Realm 24  :  Hello, UncleUnde poveștirile trăiesc. Descoperă acum