Ep - 22

1.5K 258 19
                                    

Chapter 1551      :    ချစ်တာပေါ့..ဘာလို့ချစ်မှာလဲ

မည်သို့ပင်ဖြစ်ပါစေ...ဤကျောင်းသည် ရှီစီနန်အတွက်တော့ စိတ်ရှုပ်စရာကောင်းပါသည်။ အလုပ်တစ်ခုအတွက် လုပ်ဆောင်ရန် အချိန် ကန့်သတ်ပေးထားပြီး ဒီအလုပ်တစ်ခုပြီးသည်နှင့် နောက်အလုပ်တစ်ခုသည် ဆက်တိုက် စောင့်ကြိုနေပြီး တစ်ခုနှင့်တစ်ခုကြားတွင် တစ်မိနစ်တောင် နားချိန်မပေးပေ။

ရှီစီနန်မှာ လိုက်လျောညီထွေဖြစ်အောင်နေရုံမှလွဲ၍ ရွေးချယ်စရာ နည်းလမ်း များများစားစား မရှိပါချေ။

သူမတွင် အဝတ်အစားအပြည့်နှင့် ဗီရိုလည်း  မရှိဘဲ ထိုအစား ကျောင်းက သူမအတွက် ယူနီဖောင်း သုံးစုံထုတ်ပေးသည်။

ရှီစီနန် အဝတ်လျှော်နည်းလည်း မသိပါ။ သူမ၏ ဝတ်စုံများကို ရေစိမ်လိုက်ကာ ဒီအတိုင်း ချိတ်ဆွဲကာ လှမ်းလိုက်သည်။ ရေညစ်ရမည်ဆိုသည်တောင် နားမလည်ပေ။

ထမင်းများကလည်း အိမ်တုန်းကလို အရသာမကောင်းသည့်အပြင် ကြမ်းလွန်းတာကြောင့် ရှီစီနန်အား စိတ်မသက်မသာ ဖြစ်စေသည်။ တစ်ခါတွင် သူမ ပိုးစိမ်းကောင် တစ်ကောင်ကိုတောင် ဝါးမိသွားသလိုပင်။

ဤကဲ့သို့သော အပျက်အစီးများကို ပစ်ထုတ်လိုက်ပြီး သူမ တနေ့လုံး စားချင်စိတ်လည်း မရှိတော့ချေ။

ရှီစီနန် ဒီကျောင်းတွင် နေရသည့် နေ့ရက်တိုင်းမှာ မျက်ရည်နှင့် မျက်ခွက်အသက်ရှင်နေရသကဲ့သို့ ဖြစ်နေခဲ့သည်။ သူမ မိသားစုက သူမကို ဒီလိုငရဲတွင်းကနေ အမြန်လာခေါ်စေဖို့သာ ဆန္ဒရှိနေခဲ့သည်။

"အမေ...ကျမ အက်ဒီကျောင်းကို ပြန်မသွားချင်ဘူး။"

ရှီစီနန် နဉ်ရှုကို တောင်းပန်သလို ပြောလာသည်။

"အဆင်ပြေပါတယ်...စာမေးပွဲက သိပ်မကြာခင် ဖြေရတော့မှာဟာ..ကောလိပ်ရောက်ရင် အက်ဒီကျောင်းက ထွက်ရမှာပဲလေ..."

နဉ်ရှု ဂရုမစိုက်စွာ လေပြေအေးနှင့် ပြောလိုက်သည်။

ရှီစီနန် အနည်းငယ်ကြေကွဲသွားပြီး နဉ်ရှုအား အော်လေသည်။

Realm 24  :  Hello, UncleWhere stories live. Discover now