Ep - 65

1.2K 219 10
                                    

Chapter  1594      :      ပျောက်ဆုံးခြင်း




နဉ်ရှု လှည့်သာ ထွက်ခဲ့လိုက်တော့သည်။
ရှီစိိနန် အံ့အားသင့်သွားကာ မယုံကြည်နိုင်ခြင်းများစွာက သူမမျက်နှာပေါ်တွင် နေရာယူထားသည်။
သူမအမေက ပေါ့ပေါ့တန်တန်နှင့် သူမကို ထားပြီး ထွက်သွားသည်။

သူမ အနာကျင်ရဆုံးအချိန် ဖြတ်သန်းနေရတာ​တောင် သူမအမေက ဘယ်လိုတောင် လျစ်လျူရှုသွားနိုင်ရတာလဲ ?

အခုအချိန်အတွင်း သူမခံစားချက်များက ရှုပ်ပွေလီနေ၏။

နဉ်ရှုကတော့ ရှီစီနန် ခံစားနေရမှုကို သိတောင်မသိပေ။ သူမ သိလျှင်လည်း
နင် ဘယ်လောက်ပဲ နာကျင်နေပါစေ ငါကတော့ ကိုယ်ချင်းမစာပေးနိုင်ဘူးနော်။

နဉ်ရှု ဗီလာမှ ထွက်လာပြီးနောက်တွင် ဆေးရုံရှိ အိမ်အကူမှ ဖုန်းခေါ်လာသည်။ သူမအသံမှာ ထိတ်လန့်မှုကြောင့် တုန်ယင်သောအသံဖြင့်
"သခင်ကြီး ပျောက်နေတယ် ၊ ကျမ ညစာသွားဝယ်တာ ၊ ပြန်လာတော့ သခင်ကြီး မရှိတော့ဘူး "

နဉ်ရှုမျက်နှာအမူအရာမှာ လေးနက်သွားတော့သည်။

"အဖေ ပျောက်နေတယ် ?!"

"ကျမ ညစာ သွား ..."

"ဘယ်တုန်းက ပျောက်သွားတာလဲ ?"
နဉ်ရှု ဖြတ်မေးလိုက်သည်။

"စောစောတုန်းကတင် ၊ ၁၀မိနစ်လောက်တော့ ရှိပြီ ၊ ကျမ ညစာဝယ်ပြီး ပြန်လာတော့ သခင်ကြီး မရှိတော့ဘူး "

အကြီးအကျယ်တုန်လှုပ်နေသော အိမ်အကူက ပြောလာသည်။

နဉ်ရှု မျက်ခုံးတန်းများတွန့်သွားပြီး ရဲစခန်းကို အမြန်ဆုံးမောင်းနှင်လိုက်သည်။
ရဲစခန်းကို ဖုန်းဆက်မည့်ကြာချိန်အတိုင်း အရှိန်နှုန်းနှင့်ကို မောင်းနှင်နေခြင်းဖြစ်သည်။

ဒီသတင်းကြားကြားချင်း နဉ်ရှုပထမဆုံးအတွေးမှာ သေချာပေါက် ရှီးမုချန်လက်ချက် ဖြစ်သည်။

အဘိုးရှီနှင့်ပတ်သတ်သမျှကို သူမ အားလုံး ဖျောက်ဖျက်ထားခဲ့ပြီး ဆေးရုံဒေတာထဲတွင်တောင် အဘိုးရှီ၏အချက်အလက်တို့ ရှိမနေခဲ့ပါ။

Realm 24  :  Hello, UncleWhere stories live. Discover now