Ep - 48

1.1K 198 4
                                    

Chapter 1577    :     မင်းသွားချင် သွားလေ

This chapter slightly includes warning !!

ရှီစီနန် ဆေးရုံသွားရန် ငြင်းဆိုပြီးနောက် နဉ်ရှုလည်း အဘိုးရှီအတွက် ပစ္စည်းများ ထုတ်ပိုး၍ ထွက်သွားသည်။
ဗီလာထဲတွင် ရှီးမုချန်းအားကြည့်ရင်း ရှီစီနန်နှလုံးသားတွင် မသက်သာမှုများဖြင့် ပြည့်နေသည်။

" ဦးလေး ... ဘာလို့ ဆေးရုံသွားခွင့်မပေးတာလဲ ? အခု အမေ စိတ်ဆိုးသွားပြီထင်တယ် "

ရှီစီနန်ဆေးရုံလိုက်သွားချင်ပေမယ့် ရှီးမုချန်း၏ ခြိမ်းခြောက်သည့်အကြည့်တွေနှင့် ရင်ဆိုင်ရပြီးနောက် နေခဲ့ရန် ရွေးချယ်လိုက်ရသည်။

ရှီးမုချန်းက သူမတို့ဆက်ဆံရေးအကြောင်းကို အမှန်အတိုင်း ထုတ်ပြောလိုက်မည်ကို သူမအရမ်းကြောက်ခဲ့မိသည်။ ရှီစီနန် ဒီကိစ္စကို တတ်နိုင်သမျှ ဖုံးကွယ်ထားချင်သည်။
တခြားသူတွေ အမှန်အတိုင်း သိသွားလျှင် တုံ့ပြန်လာမည့် အမူအရာများကို သူမစိတ်ကူးကြည့်လို့တောင်မရပါ။

ရှီမုချန်း ရေခွက်ထဲ နောက်ထပ် အပြည့်ဖြည့်လိုက်သည်။ သူသည်လည်း တချိန်လုံးရေသောက်နေပါသော်ငြား ရေငတ်ခြင်းက ပျောက်မသွားချေ။
ရှီစီနန် စကားကြားလိုက်သည့်အခါ ၎င်းက ပြန်ပြောလိုက်သည်။

" မင်း သွားချင် သွားလေ ၊  ငါ မင်းကို မတားပါဘူး "

" ဦးလေး  ....   ရှင် ...... "

ရှီစီနန် စိတ်ဆိုးမိသွားသည်။ ခဏနေကတော့ သူမကို ခြိမ်းလားခြောက်လားနှင့် အသိသာကြီးပင်။

ယခု ထမင်းစားခန်းတွင် ရှီစီနန်နှင့် ရှီးမုချန်းတို့ နှစ်ဦးသာ ရှိနေသည်။ ရှီးမုချန်း၏ ခန္ဓာကိုယ်သည် စတင်၍ မငြိမ်မသက်ဖြစ်လာသည်။
၎င်း၏ ခေါင်းထဲတွင် ထိန်းမနိုင်သိမ်းမရ ခံစားချက်တစ်ခု ပေါ်ထွက်လာသည်နှင့်မျှ သွေးများ လျှံကျတော့မလိုပင်။ ရှီစီနန်ကို ကြည့်နေသည့်မျက်လုံးများက နီရဲလာတော့သည်။

ရှီစီနန် သူမဦးလေး၏ တားမြစ်ခြင်းအတွက် စိတ်ဆ်ိုးနေမိပါသော်လည်း ဦးလေးဖြစ်သူမှ သူမကို စူးစူးနစ်နစ်စိုက်ကြည့်နေသည့်အခါ သူမနှလုံးခုန်သံများ ထိန်းမရတောပေ။ သူမခန္ဓာကိုယ်သည်လည်း ခံစားချက်ကိုလိုက်၍ ပြောင်းလဲလာသည်။

Realm 24  :  Hello, UncleWhere stories live. Discover now