Ep - 53

1.1K 236 4
                                    

Chapter  1582    :     ယဉ်ကျေးနေစရာလို

ရှီးမုချန်း   နဉ်ရှုအား သံမဏိဓားသွားတစ်ခုကဲ့သို့ အရိုးထိပါ အေးစက်မာကျောလှသည့် အကြည့်ဖြင့် ကြည့်နေသည်။

နှဉ်ရှု  စွပ်ပြုတ်ပန်းကန်လုံးအလွတ်ကို မီးဖိုချောင်ဘေစင်သို့ ယူလာပြီး ဆေးကြောသန့်စင်လိုက်၏။

ရှီးမုချန်းမျက်လုံးများက သံသယဖြစ်စရာ သေချာသည့် နဉ်ရှုကိုသာ ကြည့်နေဆဲဖြစ်သည်။

နဉ်ရှုကတော့ အေးဆေးသက်သာစွာ ပန်းကန်လုံးကို ရေခြောက်အောင် သုတ်ပြီးနောက် ပန်းကန်လုံးထားသည့် ဗီရိုတစ်ခုထဲသို့ ထည့်လိုက်သည်။

တစ်ချိန်လုံး ရှီးမုချန်းထံမှ ပစ်လွှတ်နေသည့် လေဆာရောင်ခြည်တန်းများကို လျစ်လျူရှုလျက် သူမအိတ်ကို ကောက်ယူလိုက်သည်။
ထို့နောက် သူမ ဤဧည့်ခန်းအတွင်းမှ ထွက်သွားရန် အသင့်ဖြစ်နေတော့သည်။

ရှီးမုချန်း လက်ဆန့်ထုတ်ကာ နဉ်ရှုကို ဆွဲထားလေသည်။ နဉ်ရှု ပျင်းရိစွာပင် လည်ပြန်ကြည့်လိုက်သည်။

"မောင်လေး ၊  ဘာကိစ္စရှိလို့လဲ ?"

၎င်းက တိုးညှင်းသော အသံဖြင့်
"မင်းလုပ်ခဲ့တာလား ?"

သူ့ပါးစပ်ဖွင့်လိုက်သည်နှင့် အသက်ရှုသံပြင်းပြင်းပါ ထွက်လာသည်။ သူမမျက်နှာပေါ်ထိ ခပ်ပါးပါး အပူလှိုင်းတစ်ခု ဖြတ်သန်းသွားသည်ဟု ခံစားရသည်။

ထင်ရှားစွာပင် ရှီးမုချန်း၏ ကိုယ်တွင်းအင်္ဂါများသည် ပူပြင်းလွန်းတာကြောင့် ခြောက်သွေ့နေလောက်သည်။

နဉ်ရှု  ရှီးမုချန်းလက်ကို ကြည့်လိုက်သည်။  ၎င်း၏ သွေးပြန်ကြောတွင် အနီရောင် အစက်ပျောက်များဖြင့် ဖုံးလွှမ်းနေပြီး ကျောက်ကပ်ထိခိုက်သော ရောဂါသည်တစ်ဦးဖြစ်ရန် ရှေ့ပြေးလက္ခဏာများနှယ် တူ၏။

နဉ်ရှု စိတ်အနှောက်အယှက်ဖြစ်သော မျက်နှာထားနှင့်
"မင်း ဘာအကြောင်းပြောနေတာလဲ ? ငါ အခု ဘာလုပ်နေလို့လဲ ?"

သူမ ၎င်းကို အရေးမပါသည့်လူတစ်ဦးအလား ကြည့်လိုက်သည်။

ရှီးမုချန်း မျက်လုံးများ မှေးကျဉ်းသွားပြီး ၎င်းလက်ချောင်းတို့က သူမလည်ပင်းဆီ ဦးတည်လာသည်။
သို့သော်လည်း နဉ်ရှု ခေါင်းစောင်းကာ ရှောင်တိမ်းပြီးနောက် ရှီးမုချန်းပခုံးကို အားအပြည့်ဖြင့် တွန်းထုတ်လိုက်သည်။

Realm 24  :  Hello, UncleWhere stories live. Discover now