Ep - 46

1.1K 217 3
                                    

Chapter 1575 : သူ့ကံကြမ္မာကို သူလက်ခံနှင့်ပြီးသား

ခွဲစိတ်မှုပြီးရန် စော့င်ဆိုင်းနေစဉ် နဉ်ရှု ထရပ်ကားဒရိုက်ဘာကို သွားတွေ့ရန် စဉ်းစားလိုက်၏။ သူမရောက်သွားချိန်တွင် ရဲများက ၎င်း၏လက်ကောင်ဝတ်တွင် လက်ထိပ်များခတ်ထားသည်ကို တွေ့လိုက်ရသည်။

ကားသမားသည် အသက်လေးဆယ်ကျော်ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် မတော်တဆတစ်ခုကြုံတွေ့ခဲ့ရသော်လည်း အမူအရာမှာ တည်ငြိမ်လျက် ၎င်းက ဖြစ်ပေါ်လာသည့် ကံကြမ္မာအား လက်ခံထားပုံရသည်။

ဒီလူသည် ရှီလီနာကို သတ်ခဲ့သူသာဖြစ်သည်။ ယခုတွင် အဘိုးရှီကို ပစ်မှတ်ထားခဲ့ပြန်၏။ အဘိုးရှီသည် ခွဲစိတ်ခန်းထဲတွင် အသက်လုနေရသော အခြေအနေတွင် ရှိသည်။
သို့သော်လည်း အဘိုးရှီ၏ ဒရိုက်ဘာမှာ သေဆုံးသွားခဲ့သည်။ မည်သို့ပင် ဖြစ်စေ ဤအမှုကိစ္စတစ်ခုလုံးအတွက် ၎င်းတွင် တာဝန်ရှိသည်။

နဉ်ရှု နှလုံးသားနှင့်အပြည့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာသည်။

သေချာတာတစ်ခုသည် ဤလူကို ပေါ့ပေါ့တန်တန်လွှတ်ပေးလိုက်ရန် စိတ်ကူးမရှိပေ။ ထိုညစ်ပတ်သောငွေများလည်း တစ်ပြားမှ မပိုင်ဆိုင်ရစေဘဲ တစ်သက်လုံးထောင်ထဲတွင် ကုန်ဆုံးသွားစေရမည်။

နဉ်ရှု မှုခင်းအတွက် တာဝန်ရှိရဲသားကို ပြောလိုက်သည်။

"ဒီလူရဲ့ ဘဏ်အကောင့်ထဲ ပိုက်ဆံအမြောက်အများ လက်ခံရထားသလားဆိုတာလည်း တစ်ချက်စစ်ကြည့်ပေးပါ"

ဒရိုက်ဘာသည် နဉ်ရှုစကားများကြားသည့်အခါ ထိတ်လန့်မှု အရိပ်အယောင်များ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားပြီး ခေါင်းငိုက်စိုက်ကျသွားသည်။

"ဒီလူ့ကို သေချာစစ်ဆေးပေးဖို့ အပ်ပါတယ် ၊ အချိန်ကျရင် သူ့ကို တရားစွဲဖို့လည်း ရှေ့နေငှားပါမယ်.." ဟု နဉ်ရှု ဆက်ပြောလိုက်သည်။

သူမ ဒီဒရိုက်ဘာအား လုံးဝလွှတ်ပေးမည်မဟုတ်။ အခကြေးငွေလက်ခံ၍ သူတစ်ပါးကို ဒုက္ခပေးတတ်မှတော့ ဒီယုတ်မာသည့်စရိုက်၏ အကျိုးဆက်များကိုလည်း လက်ခံတတ်ရန် စဉ်းစားထားရမည်။

Realm 24  :  Hello, UncleOù les histoires vivent. Découvrez maintenant