Ep - 33

1.2K 198 10
                                    

Chapter 1562        :           ရွှေဥလေးများကို ဖျက်စီးခြင်း

နဉ်ရှု စုံထောက်အေဂျင်စီထံမှ ဖုန်းလက်ခံရပြီးနောက် ရှီစီနန် ဆေးရုံတတ်နေသည်ကိုပါ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အလွတ်စုံထောက်၏ ဖုန်းခေါ်ဆိုမှုအရ လွန်ခဲ့သောနာရီဝက်ခန့်က ရှီးမုချန်းရဲ့ကလပ်ကို ရဲများဝင်ရောက်စီးနင်းခဲ့ကြသည်။

တော်တော်များများလည်း အဖမ်းခံလိုက်ရပြီး လူချမ်းသာအများအပြားလည်း ပါဝင်နေသည်။

အင်း... လွန်ခဲ့တဲ့နာရီဝက်လောက်တုန်းက ရှီးမုချန်း ရှီစီနန်နှင့် အီစီကလီရိုက်နေလောက်မလားပဲ...။

အခုလောက်ဆိုရင်တော့ သတင်းရလောက်ပြီပေါ့...။

တစ်ဖက်တွင် သူရွှေဥလေးများ ဥစေသည့်နေရာဖြစ်ပြီး တစ်ဖက်ကတော့ သူ့ချစ်သူ။

ကျွတ်..ကျွတ်...ဘယ်လိုတောင် ကြပ်တည်းလိုက်တဲ့ ရွေးချယ်မှုပါလိမ့်...။

နဉ်ရှု သူမ အတွင်းရေးမှူးအား ရှီစီနန်တတ်ရောက်နေသော ဆေးရုံကို စုံစမ်းခိုင်းလိုက်သည်။ ဆေးရုံလိပ်စာ ရှာတွေ့သည်နှင့် အဆင်သင့်ဖြစ်စေရန် ကားပေါ်တွင် ထိုင်စောင့်နေလိုက်သည်။

နဉ်ရှု ရှီစီနန်၏ ဆေးရုံခန်းရှေ့ ရောက်လာခဲ့ပြီ။

ရှီးမုချန်းသည်လည်း ထိုနေရာတွင် ရှိမနေချေ။ မျှော်လင့်မထားသောပြဿနာများကို အရင်ဖြေရှင်းဖို့ ထွက်သွားပုံရသည်။

သူက ရှီစီနန်နိုးလာသည့်အထိ သူမအနားမှာ မစောင့်နိုင်အားတော့ပါ။

နဉ်ရှု ရှီစီနန်ကုတင်ဘေးသို့ လျှောက်သွားလိုက်သည်။ ရှီစီနန်ခေါင်းတွင် ပတ်တီးများလည်း စည်းထားသေးသည်။ နှာခေါင်းအနီးမှာတော့ သွေးပင်ကောင်းကောင်း တိတ်ပုံမပေါ်သေးပေ။

နဉ်ရှု ပတ်တီးပြင်စည်းစေရန် ဆရာဝန်ခေါ်လိုက်သည်။ ထိုသွေးတွေ လည်ချောင်းထဲ ရောက်သွားလျှင် အသက်ရှုရကြပ်သွားနိုင်သည်။

သူမ ဆရာဝန်အား မေးလိုက်သည်။

"ကျမသမီး အခြေနေ ဘယ်လိုနေလဲ..ဆရာ...?"

Realm 24  :  Hello, UncleWhere stories live. Discover now