ခက်ခဲခြင်းနှင့်ရင်သွေးငယ်

1.7K 175 30
                                    

ကူကယ်ရာမဲ့ခြင်းက အတိတ်ရဲ့ငါ့လိုလူအတွက်ရယ်စရာဖြစ်နိုင်ခဲ့ပေမဲ့ အခုချိန်မှာမင်းပေးခဲ့တဲ့သွေးသားလေးနဲ့အတူရှိချိန်မှာတော့ မတူတော့ဘူး။

အရှင်တကယ်ကိုကူကယ်ရာမဲ့နေပြီ ကလေး။

MELIVODY

"ဘုရင်ကြီး Welth ကျွန်တော်ဝင်လာခဲ့ပါရစေ"

"ကျစ်! ဝင်လာခဲ့"

မနက်ခပ်စောစော ၊ ကျယ်ဝန်းသောအိပ်ရာထက် ဘုရင်အမည်ခံသောလူ မိန်းမတစ်ယောက်နှင့်ပလူးနေချိန် ထိုအသံကြောင့်အနှောင့်အယှက်ဖြစ်သွားသည်ထင်၏။ တွန့်ချိုးသွားသောမျက်ခုံးတွေနောက်မှာ သူ့ဘေးမှမိန်းမပျိုကခပ်အို့အို့ရယ်သည်။

"Selena ဟိုကောင်မလာခင် မင်းအဝတ်သွားဝတ်တော့"

"ဟုတ်ကဲ့ရှင့်"

စောင်ဖြူဖြူရှည်ဆွဲပတ်ကာ ခပ်ကော့ကော့ထွက်သွားသည့်မိန်းမပျိုအနောက် ရိုကျိုးကျိုးလူတစ်ယောက်အခန်းတွင်းဝင်လာသည်။

"ပြော"

ခက်ထန်သောမျက်နှာသွင်ပြင်ဖြင့် ခပ်ပြတ်ပြတ်ပြောသောသူ့စကားအနောက်မှာ‌ ခေါ်ဆိုသောအစေခံယောက်ျားသားစကားဆက်လာသည်။

"ဘုရင်ကြီး Welth အရှင်‌Nathan..."

"အဲ့ကောင်ဘာဖြစ်လဲ"

"ဒီနေ့အရှင်Nathanကိုဘာဆက်လုပ်မလဲဆိုတာဆုံးဖြတ်ရမဲ့နေ့ပါ"

"အာ...ဟုတ်သားပဲ ငါမေ့နေတာ"

ပြုံးကော့တတ်လာသောနှုတ်ခမ်းတို့တွက် ကြမ်းတမ်းသောလက်တစ်ဖက်ကနှုတ်ခမ်းမွှေးစစကိုဆွဲရင်းပြုံးလာ၏။ ကောက်ကျစ်စင်းလဲသောယုတ်ညံ့သူက အောက်တန်းကျလွန်းသည်။

"ငါမကြာခင်လာခဲ့မယ်"

"ကောင်းပါပြီ ဘုရင်ကြီး"

ပိတ်သွားသောတံခါးအနောက်၌ ကုတင်ပေါ်ရှိလူကြီးဘာတွေကြံနေလဲမသိရပါ။ သွေးသားတူရင်းဖြစ်လင့်ကစား ဖျက်ဆီးရက်သောဦးလေးဖြစ်သူက ရွံရှာဖွယ်အတိပြီးသောလောက်ကောင်တစ်ကောင်။ မူရင်းဧကရာဇ်ငယ်အား အကျဉ်းထောင်ထဲလပေါင်းများစွာပိတ်နှောင်ထားသောအဖြစ်ပျက်အနောက် တိုင်းသူပြည်သားတို့အား အရှင်Nathan ကျန်းမာရေးချို့ယွင်းနေတာမို့ ဤဘုရင်နေရာအားဦး‌လေးဖြစ်သူကခေတ္တနေရာယူထားရသည် ဟုသတင်းလွှင့်ထားသည်တဲ့ အဟက်။

MELIVODY 𐤀 [Completed]Where stories live. Discover now