ကျွန်တော့်အရှင် ဘယ်မှာလဲ

1.7K 229 21
                                    

ထွက်ခွာဖို့ကံတရားကအကြောင်းပြုလာရင်တောင် ကျွန်တော်ကင်မ့်ကိုတစ်ယောက်တည်းလွှတ်ထားခဲ့မှာမဟုတ်ဘူး။ ကင်မ်က ကျွန်တော်တစ်ယောက်တည်း နမ်းရှိုက်ခွင့်ရှိတဲ့ကြာပန်းငယ်တစ်ပွင့်မို့ ကျွန်တော်မရှိရင် မုချသေဆုံးသွားလိမ့်မယ်။

MELIVODY

"ဒါဆို ဂျွန်ဂျောင်ကုက အရှင်Timothyဆီသွားတော့မှာပေါ့ အဲ့လိုလား"

"ဟုတ်ပါတယ် သခင်ကြီး Welth ကျွန်‌တော်အဲ့လိုပဲကြားသိရပါတယ်"

"ဘယ်နေ့သွားမှာလဲ"

"ဒီတစ်ပတ်တနဂ်နွေနေ့ပါ ထိုနေ့နေ့လည်မှာ အရှင်Nathanက ဝန်ကြီးခုနစ်ဦးကိုနန်းတော်ဆီခေါ်ဆောင်ထားပါတယ်"

"ဒါဆိုသဘက်ခါပေါ့ အဟက် ကင်မ်ထယ်ယောင်း မင်းအကြံအစည်တွေကဟာကွက်တွေနဲ့ပါလားကွာ"

"ကျွန်တော်ဘာပြင်ဆင်ထားရမလဲ သခင်ကြီး"

အနက်ရောင်နှင့်ကြက်သွေးရောင်ရောစပ်ထားသောသားမွေးအကျီအထူကြီးအား နှုတ်ခမ်းမွှေးခပ်စစဖြင့် လူကြီးတစ်ဦးဝတ်ဆင်ထားသည်။ ကြီးမားသောအဆောင်ဟာ ကနုတ်တွေဖြင့်ဖန်ဆင်းထားလျက် အနီရင့်ရောင်ကျောက်များပါရှိနေသည်။ အနက်ရောင်အပြင်အဆင်မဟုတ်သော ကြက်သွေးရောင်အပြင်အဆင်တွေဟာ ကြက်သီးထချင်စရာကောင်းသလို သိပ်ပြီးတော့လည်းတော်ဝင်ဆန်လွန်းသည်။

ဒူးထောက်ခစားထားသောလူတစ်ယောက် အနက်ရောင်ဝတ်ရုံခြုံထားလျက် သတင်းအပါးလျှောက်တင်နေသည်။ ခုံအမြင့်ပေါ်၌ထိုင်နေသောထိုလူကြီးနှုတ်ခမ်းတစ်ဖက်စောင်းရုံသာပြုံးနေသည်။

သိပ်ပြီးနေလို့ကောင်းတဲ့ဒီမနက်ခင်းမှာ သူ့လူယုံတော်ရဲ့သတင်းဆောင်လာမှုက သိပ်ပြီးကျေနပ်စရာကောင်းတာပဲ။ သူ့တူကင်မ်ထယ်ယောင်းက ပြောစကားမှနားမထောင်တာပဲကိုး။ ဂျွန်ဂျောင်ကုကိုဒီနေရာဆီပြန်မပေးနိုင်ဘူး ဟုအတန်တန်သတိပေးချက်ပေးထားလည်း ခေါင်းမာလွန်းသည့်ကောင်လေးကတော့ လုံးဝလက်မခံတာမဟုတ်လား။ ဟက် အရှင်Timothyဆီပါ ထိုးထည့်လိုက်သေးသတဲ့။

ဒါပေမဲ့ တူလေးရာ ဒီဦးလေးက ကလေးတစ်ယောက်ကိုမသတ်ချင်လည်း တူလေးကိုယ်တိုင်ကိုက သေလမ်းကိုတွန်းပို့မှတော့ဘယ်တတ်နိုင်ပါတော့မလဲ။ စိတ်မကောင်းပေမဲ့ ထယ်ယောင်းလေး မင်းမှားသွားတာကရှိလာတော့ အဲ့နေ့ကပုံမှန်ရိုးရိုး‌နေ့ဖြစ်ရမှာဆိုလည်း ထူးခြားအောင်လို့ဒီဦးလေးကလုပ်ပေးတော့မယ်လေ။ မင်းရဲ့သိပ်ချစ်ရတဲ့ကလေးသေမဲ့နေ့အဖြစ်အသက်သွင်းပေးရမှာပေါ့။

MELIVODY 𐤀 [Completed]Where stories live. Discover now