အရှင် ကျွန်တော့်ကိုကလေးတစ်ယောက်လိုမဆက်ဆံပါနဲ့။ ကျွန်တော်ကလေးမဟုတ်တော့ဘူး။ နေရာတကာလည်းမကာကွယ်ပေးနဲ့။ ကျွန်တော်အရွယ်ရောက်နေပြီ။ အမြဲလိုလိုအရိပ်တကြည့်ကြည့်မနေပါနဲ့။ အဲ့လိုလုပ်ရမှာ ကျွန်တော်ပါ။
သိပ်ဖြူစင်လွန်းတယ်လို့ အရှင်သတ်မှတ်ထားခဲ့တဲ့ယုန်သူငယ်ဟာ မထင်မှတ်လောက်တဲ့ကျားရိုင်းတစ်ကောင်အဖြစ်ပြောင်းလဲခဲ့ပြီးပြီဆိုတာ သတိမထားခဲ့ဘူးပဲ။ ကင်မ်ထင်သလို ယုန်ဖြူလေးတစ်ကောင်က သနားကြင်နာတတ်တဲ့ အရှင့်ရဲ့မျက်ဝန်းတွေကို အတ္တတစ်ခုရောယှက်ရင်းစူးစိုက်ကြည့်နေတတ်တာ ရိပ်မိခဲ့သင့်တယ်။
ရူးခါလောက်အောင် တော်ဝင်ဆန်လွန်းတဲ့ ကျွန်တော့်ရဲ့အရှင် သိပ်တန်ဖိုးကြီးပြီးလှပတဲ့ဝတ်စုံအပေါ်မှ အပြာရောင်ဝတ်ရုံရှည်ကိုတစ်လွှာချင်းဖြည်ကာ ပင်ကိုယ်ပကတိအလှတစ်ရားတစ်ခုကို ကျွန်တော်တစ်ယောက်တည်းကြည့်ခွင့်ရချင်တယ်။
စိမ်းပြာရောင်မျက်ဆံတွေနဲ့ကင်မ်...သေးသွယ်စွာရှိနေတဲ့ခါး လုံးဝန်းတဲ့ခန္ဓာကိုယ်ကောက်ကြောင်းကိုပွေ့ဖက်နမ်းရှုပ်ရင်း ကင်မ်အိပ်စက်ရာအနီရောင်ကတ္တိပါထက်ကိုပဲ လက်ထိပ်တစ်စုံနဲ့ကျွန်တော်ဆွဲတင်တဲ့အခါ မရှောင်ပုန်းချင်ခဲ့ပါနဲ့။
တော်ဝင်ဆန်တဲ့နှလုံးသားကို ကျွန်တော့်အပိုင်ဖြစ်ခဲ့ဖို့အတွက် အင်အားတစ်ခုနဲ့ဖန်ဆင်းတဲ့အချိန် ထွက်ပြေးဖို့မစဥ်းစားလိုက်နဲ့။
မျက်နှာလှလှလေးက ချွေးစီးတွေထွက်နေတဲ့အချိန် သိပ်လှတဲ့မျက်ရည်လုံးလေးတွေမြင်ရတဲ့အခါ ကျွန်တော်ရပ်တန့်ပေးမယ်။ သာယာမှုနဲ့အတူကျွန်တော့်ရဲ့နွေးထွေးမှုကို ကင်မ်တစ်ယောက်တည်းကိုပဲ ခံစားစေချင်တယ်။ ယစ်မူးဖွယ်ကောင်းတဲ့ဝိုင်ဖြူတစ်ခွက်နဲ့အဆုံးသတ်ချင်တယ်။ ပင်ပန်းသွားတဲ့ကင်မ့်ကို ကျွန်တော့်ရင်ခွင်မှာပဲသိမ်းထားချင်တယ်။ မောဟိုက်နေတဲ့နှုတ်ခမ်းပါးတွေက တုန်ရီစွာတိုးလျိုးတောင်းပန်လာတဲ့အထိ ကင်မ့်ကို ကျွန်တော်ကစားချင်တယ်။
ကျွန်တော်သောင်းကျန်းမိလို့ ကလေးလေးတစ်ယောက်လိုငိုနေတဲ့ကင်မ်ရဲ့အလှတရားလေးကိုကြည့်ပြီးပဲ တပ်မက်စွာပြုံးချင်တယ်။ အဲ့တာက ကျွန်တော့်ကို ကလေးလို့ပဲမြင်နေတဲ့ ကင်မ့်အတွက်အပြစ်ဒဏ်ပဲဲ။
YOU ARE READING
MELIVODY 𐤀 [Completed]