မင်းသားငယ်အရွယ်ရောက်လာပြီ

3.4K 447 185
                                    

လရိပ်ဖြာသောရေပြာအိုင်က တစ်ပွင့်တည်းသောပဒုမ္မာကြာကို ပွင့်လန်းစေနိုင်ခဲ့ရင် ထပ်တူညီသောစောင့်ရှောက်ခြင်း၏လောကနှလုံးသားကိုလည်း အရှင်တစ်ပါးတည်းဖြင့်သာနိုးထပေးခွင့်ပေးပါ...။

MELIVODY

လောကသစ်ဖြင့်အချိန်ကုန်မှုမြန်ခဲ့သည်။ တရွေ့ရွေ့လည်ပတ်ခဲ့သောကာလတွေအကြား ဆယ့်ငါးနှစ်ဟူသောအချိန်ကာလကျော်ဖြတ်ခဲ့ပြီးသည်။ နွေဦး ၊ နွေ ၊ ဆောင်းဦး ၊ ဆောင်း ပုံမှန်အတိုင်းလည်ပတ်နေကြခဲ့ပေမဲ့ မတည်မြဲသောဓမ္မတာအရ တိမ်စိုင်ကြားဝင်မှုသည် မိုးစက်တစ်ဖျောက်နှစ်ဖျောက်ကျဆင်းနေခဲ့ဖူးပါ၏။

ကြည်လင်နေသောမနက်ခင်းစောစီးမှု၏ရှုခင်းကျယ်။ အစိမ်းရင့်ရောင်ကွင်းပြင်အထက် တစ်ဖက်စီမှအညိုရောင်မြင်းကြီးသုံးကောင်စီဝန်းရံရင်း ထိပ်ဆုံးမှအရှိန်အမြင့်ဆုံးပြေးလွှားသောနေသောအနက်ရောင်မြင်းကြီးသည် သက်လုံအကောင်းဆုံးသောတန်ဖိုးထားရာ ရတနာတစ်သွယ်ဝင့်ကြွားနေသည်။

နှုန်းမြန်လွန်းသောထိုမြင်းကြီး၏ဇက်ထိန်းသိုင်းကြိုးကို အကြောစိမ်းတွေထောင်နေသည့်လက်ဖျံတစ်စုံက တင်းကြပ်ကြပ်ဆုပ်ကိုင်ထားရာ တလွင့်လွင့်ဖြစ်နေသောအပေါ်ထပ်ဝတ်ရုံရှည်အကြား အတွင်းမှကျစ်လျစ်စွာဝတ်ဆင်ထားမှုသည် ခပ်ညိုညိုရှိသောအသားအရေအား ထင်းနေအောင်ပေါ်စေ၏။ ငြိ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နှုန်းမြန်လွန်းသောထိုမြင်းကြီး၏ဇက်ထိန်းသိုင်းကြိုးကို အကြောစိမ်းတွေထောင်နေသည့်လက်ဖျံတစ်စုံက တင်းကြပ်ကြပ်ဆုပ်ကိုင်ထားရာ တလွင့်လွင့်ဖြစ်နေသောအပေါ်ထပ်ဝတ်ရုံရှည်အကြား အတွင်းမှကျစ်လျစ်စွာဝတ်ဆင်ထားမှုသည် ခပ်ညိုညိုရှိသောအသားအရေအား ထင်းနေအောင်ပေါ်စေ၏။ ငြိမ်နေသောလေထုကိုအရှိန်နဲ့ထိုးဖောက်လာတဲ့အခါ နှဖူးတစ်ခုလုံးပေါ်အောင်အနောက်သို့လှန်ခဲ့သောဆံစရှည်တွေက ယောကျ်ားပီသမှုဆီပြင်းထန်လွန်းသွားသည်။

ကျစ်လျစ်နေသောခန္ဓာကိုယ်ဝမ်းဗိုက်အတွင်းသားတွေက ဝါကျင်ကျင်အကျီအရောင်အပါးမှာ လေဝေ့ရာကပ်ရင်း တစ်ခါတစ်ရံပေါ်ထွက်လာသည်။ မြင်းနက်ကြီးကိုအရှိန်လျော့ကာ အဝေးသို့တစ်ချက်ခန့်လှည့်လိုက်စဥ် တိကျသောနှုတ်ခမ်းထက်မှအပြုံးတစ်ခုဖန်ဆင်းလိုက်မိသော် ကြိမ်ရက်ဆွဲခြင်းလေးများလက်ဝယ်ပိုက်ရင်း ဂါဝန်အရောင်နုကာလာစုံများဖြင့် အဝေး၌ကြည့်နေခဲ့သောအရပ်မိန်းမပျိုလေးများ ရှက်သွေးဖြာသွားကြခဲ့သည်။

MELIVODY 𐤀 [Completed]Where stories live. Discover now