အထိရက်မခံရက်မြတ်နိုးမိခြင်းက အတ္တတစ်ခုဖြစ်ခဲ့တယ်ဆို အရှင့်အတွက် အဲ့ဒီအတ္တတွေကို ကျွန်တော်အမြဲတမ်းဆုပ်ကိုင်သွားမယ်။ အကြောင်းပြချက်တွေမေးဦးမလား အရှင်။ မမေးနဲ့ ကျွန်တော့်မှာအဖြေမရှိဘူး။
အကယ်၍ အရှင်သိပ်သိချင်တယ်ဆိုရင်တော့ တစ်ခုတည်းသောအဖြေက အရှင့်ကိုမှစွဲလမ်းမိတဲ့ ကျွန်တော့်နှလုံးသားအမိန့်တစ်ခုဖြစ်နေတာကြောင့်ပဲ။
MELIVODY
လွင့်မြောနေသည့်တိမ်လွှာလေးတွေရဲ့ကောင်းကင်ယံကြီး ပြာငွေ့နေသည်။ မနက်ခင်းရဲ့နှင်းငွေ့ရည်သောက်သုံးထားသော ပန်းဝတ်မှုန်လေးများမွှေးပျံ့နေ၏။ လေပြေအေးလေးတစ်ချက်ဝဲခါစဥ် သစ်ပင်ကြီးပေါ်မှပျားပိတုန်းငှက်လေးအဝေးသို့ပျံသွားလေသည်။
နူးညံ့ခြင်းအား ပန်းပွင့်လေးတွေအားတန်ဖိုးထားသည့်အခြင်းအရာကိုကြည့်နိုင်သည်။ အေရာင်ဖျော့လေးတွေများသောပန်းမျိုးစိတ်များစွာ လျှောက်လှမ်းကျဥ်းလေးနံဘေးဂါဝရပြုလျက် လေယူရာယိမ်းနွဲ့နေခဲ့ကြသည်။ နွေဦးရဲ့သစ်ရွက်ကြွေလေးတွေအပေါ်လျှောက်လှမ်းလာခဲ့တဲ့အခါ ခြောက်သွေ့ခဲ့သောသဘာဝတရားကြီးရဲ့အသံကျယ်ထွက်ပေါ်ပါ၏။
အသံညှင်းလေးကိုကြားသွားသောသိမ်မွေ့လွန်းသူလေး မျက်တောင်ရှည်လေးများဝန်းရံရာ စိမ်းပြာရောင်မျက်ဝန်းငယ်လေးများ တစ်လွှာချင်းဝဲခတ်လာခဲ့ပြီ။
"အရှင်"
သိပ်လှပသောအဖြူရောင်ပိုးဝတ်ရုံရှည်ဆင်မြန်းထားသောအရှင့်အား နောက်ကျောလေးတစ်သွင်သက်သက်ဖြစ်နေတာတောင်မှ ဂျောင်ကုမှင်သက်စွာကြည့်နေမိသည်။ ပန်းတွေအများကြီးသီကျူးထားတဲ့ဥယျာဥ်ကြီးထဲက နောက်ခံပန်းချီရှုခင်းမပါခဲ့ရင်တောင် အရှင်တစ်ဦးတည်းနှင့် ပန်းချီကားတစ်ချပ်ဖြစ်နိုင်လွန်းသည်။ လှပသိမ်မွေ့လွန်းတယ် ကျွန်တော့်ရဲ့အရှင်ရယ်။
"အရှင် ကျွန်တော့်ကိုအရှင့်အနားလာခွင့်ပြုပါ"
ခေါင်းထက်မှခြုံထားသောပဝါစလေးကိုလက်သွယ်လေးတွေကဖယ်ယူကာ မျက်ဆံပြာလေးငေးကြည့်ရက်သည်။ ခေါင်းလေးငုံ့ကာခွင့်ပြုမှ အရှင့်အနား ဂျောင်ကုတိုးသွားခဲ့သည်။ ဥယျာဥ်ထဲကပန်းလေးတွေလှတယ် အရှင်။ ဒါပေမဲ့ ထိုကြားထဲမှာရပ်နေတဲ့အရှင်ကပိုလှတယ်။
YOU ARE READING
MELIVODY 𐤀 [Completed]