မင်းကို အရှင်သိပ်ချစ်ပါတယ် 🔞

3.9K 361 90
                                    

ချစ်ခင်စုံမက်မိတဲ့နှလုံးသားမှာ အတ္တရောယှက်လာရင် ကျွန်တော်ကအတ္တကြီးတဲ့လူဆိုတာဟုတ်ပါတယ်။ အရှင့်တစ်ယောက်တည်းကိုပဲ ပိုင်ချင်တဲ့အတ္တသမားကြီးပေါ့ဗျာ။

MELIVODY

နွေးထွေးခြင်းနဲ့အေးချမ်းမှု ၊ ကြည်နူးခြင်းနဲ့စိတ်ချမ်းသာမှု ဒွန်တွဲရသည့်အိပ်စက်ခြင်းလေးသိပ်ပြီးပျော်မွေ့စရာကောင်းသည်။ အနည်းငယ်လူးလွန့်ပြီးတဲ့နောက် ခါးနေရာပေါ်ကလက်တစ်စုံကို ထယ်ယောင်းခံစားလိုက်ရ၏။ မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသော သူ့ကလေးဂျွန်ရဲ့ပြုံးနေသောမျက်နှာလေးကြည်လင်နေသည်။ ဟုတ်သား သူကလေးရင်ခွင်ထဲအိပ်ပျော်သွားခဲ့တာပဲ။

"နိုးလာပြီလား အရှင်"

"အွန်း ကလေး"

လည်ပင်းကိုယှက်ကာ ကလေးရင်ခွင်ထဲတိုးဝင်လိုက်ချိန် နင့်ခနဲနွေးထွေးမှုအပြည့်အား ထယ်ယောင်းခံစားလိုက်ရသည်။ ပြန်လည်ပွေ့ဖက်ထားတဲ့အခြေအနေလေးမှာ ကလေးငယ်ဟာလည်း သူ့ကိုမှတင်းတင်းကြပ်ကြပ်။

"ကျွန်တော့်အရှင်က ချွဲစိန်လေးဖြစ်နေပြီ"

"အချိန်ဘယ်လောက်ရှိနေပြီလဲ"

"ညမိုးချုပ်သွားပြီ"

"ဟင် မိုးချုပ်သွားပြီလား ကလေး ဘာစားမလဲ အရှင်လုပ်ပေးမယ်"

"ကျွန်တော်ဘာမှမစားချင်ဘူး"

"ဟင့်အင်း မရဘူး အခုမှနိုးလာတာ အားပြည့်အောင်တစ်ခုခုစားမှဖြစ်မယ်"

ကပိုကရိုဆံနွယ်ပုံစံလေးနဲ့ အဖြူရောင်ဝတ်ရုံရှည်လေးဟာ ရင်ခွင်ထဲကအတင်းရုန်းထွက်ရင်း ထဖို့ပြင်နေလေပြီ။ ဘာမှမစားချင်ပဲရင်ထဲပြည့်နေလည်း ခေါင်းမာသည့်အရှင့်ကို ဂျောင်ကုမလွန်ဆန်ရဲပါ။ ထို့ကြောင့်ငြား စားရမှာပေါ့။ ဒါပေမဲ့အဲ့တာက အစားအစာမဟုတ်လည်း ကျွန်တော်တစ်ခုခုစားရင်အဆင်ပြေပြီမဟုတ်လား အရှင်။

"ကျွန်တော်စားချင်တာကျွေးမှာလား"

"အွန်း ပြောလေ အရှင်လုပ်ကျွေးမယ် ကလေးဘာစားချင်လဲ"

လက်ကောက်ဝတ်လေးကိုဆောင့်ဆွဲကာ ဂျောင်ကုနီးကပ်စေလိုက်သည်။ အရှင့်၏ဒီစိုစွတ်သောနှုတ်ခမ်းနှစ်လွှာ ၊ စိမ်းပြာရောင်မျက်ဝန်းရောင်ခြယ်လေးနှင့် အနက်ရောင်မျက်တောင်ရှည်လေး ၊ ရယ်လိုက်တိုင်းတက်သည့်ပါးမို့အိအိ‌လေးကို‌မျက်တောင်မခတ်ငေးကြည့်နေခွင့်ရတာဟာ ဘယ်လိုကံကောင်းမှုမျိုးလဲ။

MELIVODY 𐤀 [Completed]Where stories live. Discover now