အဆုံးသတ်ပြီးဆုံးခြင်းလား

1.5K 145 24
                                    

ကြမ်းတမ်းခြင်းကို ကံကြမ္မာကလှလှပပဖန်တီးပြသွားခဲ့တာပဲ။ နှစ်ပေါင်းများစွာကြာခဲ့တဲ့အထိမပျက်စီးခဲ့တဲ့ငါ့အရှင်ကိုတော့ ငါသိပ်ကျေးဇူးတင်တယ်။

ဒဏ်ရာများစွာကိုကြံ့ကြံ့ခံရင်း သိပ်ပင်ပန်းလွန်းခဲ့ရပြီ ငါ့အရှင်။ အခုတော့ဒီရင်ခွင်ကျယ်အတွင်းအိပ်စက်လှည့်ပါတော့။ ဟောဒီကအရှင်ခေါ်တဲ့ကလေးငယ်ကိုယုံကြည်ဖို့အချိန်ကျပြီ။

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဘာဖြစ်လို့များဒီဥယျာဉ်ကြီးပျက်ဆီးနေခဲ့ပြီးတာလဲ။

MELIVODY

မိုးချုပ်လုပြီဖြစ်တဲ့ကောင်းကင်အထက်ပင်လယ်ပြင်ထဲ သင်္ဘောတစ်စီးရွက်လွှင့်နေသည်။ လောင်စာမီးသွေးတွေကိုအားကိုးရင်းအသုံးပြုလောင်ကျွမ်းအောင်အားထုတ်ရသောအင်အားတွေမှာ စစ်တပ်တစ်စု၏တစ်စိတ်တစ်ပိုင်းပါဝင်ထားသည်။

"အရှင်မင်းသား ဒီပင်လယ်ဂွေ့‌ရောက်ပြီးရင် ကျွန်းဆွယ်ကိုရောက်ပါတော့မယ်"

"အချိန်ဘယ်လောက်ရှိပြီလဲ"

"မိုးသောက်လင်းပါတော့မယ်"

"ကောင်းပြီ အားလုံးကိုသတိရှိဖို့ပြောထားလိုက်"

"မှန်လှပါ အရှင်မင်းသား"

ထိုလူထွက်သွားပြီးနောက်တွင် သင်္ဘောထိပ်တန်းမှသူ သက်ပြင်းရှည်ချလိုက်မိတယ်။ အချိန်တွေကြာလုနေပြီ။ အာရုံထဲအမြဲရှိနေခဲ့သည့်သူ့ရဲ့အရှင်ငယ်ကို ဂျောင်ကုရင်ပူသည်။

"မင်းသားငယ်"

"အရှင်Timothy"

"အရှင်မင်းသား အရာအားလုံးအတွက်အဆင်ပြေပါရဲ့လား"

EMLECAMတိုင်းပြည်၏အရှင်Timothyမေးလာသောမေးခွန်းမှာ သူဖြေစရာမရှိခဲ့ပါ။ ဒီလောက်အချိန်ကြာပြီးတဲ့နောက်မှာအရာအားလုံးဖြစ်ပျက်ကုန်သည်မဟုတ်လား။

သူသိပ်ချစ်သောအရှင်ငယ်လေးရဲ့ဆန္ဒအကြံစည်တွေအရ ကာကွယ်ပေးခံရပြန်တဲ့အကြောင်းမှာ သူဟာ ဒီတိုင်းပြည်၏ဝေးကွာသောဒေသ ၊ အေးခဲလွန်းတဲ့နေရာမှာ အနွေးဓာတ်မဲ့စွာဓားလက်နက်ကြားထဲရှင်သန်ခဲ့ရတယ်။ ရှေးကတည်းကမလိုချင်ခဲ့လို့ လွှတ်ချထားတဲ့VELINIAထီးနန်း ၊ သူမမက်မောတဲ့ထီးနန်းအာဏာတစ်ခုအတွက် သူချစ်တဲ့လူနဲ့ဝေးကွာခဲ့ရတယ်။ အကြောင်အကျိုးဆက်စပ်ရရင် ဒါတွေအားလုံးဟာ အာဏာရူးရူးနေတဲ့အတ္တသိပ်ကြီးတဲ့လူယုတ်မာကြောင့်။

MELIVODY 𐤀 [Completed]Where stories live. Discover now