ဂန္တဝင်ဆန်ခဲ့တဲ့အလှတရားကို မျက်ရည်ပုလဲလုံးလေးတွေနဲ့ အရှင်ဖန်ဆင်းပြချိန်မှာ ကျွန်တော်အသက်ရှူရပ်ဖို့ လုံလောက်သွားပြီထင်တယ်။
တော်သေးတာပေါ့ဗျာ အရှင်အန္တရာယ်ကင်းခဲ့လို့။ ကျွန်တော်သိပ်ပျော်နေတယ်ဆိုတာသိရဲ့လား အရှင် ကျွန်တော် အရှင့်ကိုကာကွယ်ပေးနိုင်ခဲ့ပြီလေ။
MELIVODY
"ဆေးဆရာကြီး ကလေးကိုရအောင်ကယ်တင်ပေးမှဖြစ်မယ်"
"ကျွန်တော်မျိုးစိုးရွံမိပါတယ် ဒီအဆိပ်ကအခုမှတွေ့ဖူးတာပါ အရှင် ဖြေဆေးဖော်စပ်ဖို့ကျမလုပ်နိုင်သေးတာကြောင့် ကံကိုသာယုံ..."
"ခင်ဗျားဒီလောက်တောင်အသုံးမကျဘူးလား! ဆေးပညာရှင်လုပ်နေပြီး အဆိပ်ဖြေဆေးဆိုတာအဲ့လောက်ထိခက်ခဲနေသလား!"
"အရှင်စိတ်လျော့ပါ အရှင်"
"ငါဘယ်လိုထိန်းနိုင်မှာလဲ အဲလ် အခု ကလေးက....."
အရှင့်၏အိပ်စက်ရာ၌ ဖျော့တော့စွာလှဲနေသောကလေးငယ် အိပ်စက်နေသည်။ အနည်းငယ်ဖျော့တော့လာခဲ့သောမျက်နှာက နှုတ်ခမ်းသားတို့နှင့်ဆံစတို့ပြောင်းလဲလာသည်။ ထယ်ယောင်းအပေါ်ဝတ်ရုံတောင်မကပ်နိုင်စွာ ပူပန်နေမိ၏။ ချွေးစတွေသီးနေသည့်ကလေးအနား နီးကပ်စွာထိုင်ရင်း လက်ကိုဆုပ်ကိုင်ထားတာတောင်မှ ပုံမှန်အချိန် သူခံစားရတဲ့ ဂျောင်ကုဆီမှအနွေးဓာတ်က အခုတော့လုံလုံလောက်လောက်မရရှိနေခဲ့သည်။
"ကျွန်တော်မျိုးတောင်းပန်ပါတယ် အသက်ချမ်းသာပေးပါ အရှင်"
ဘာမှအဖြစ်မရှိတဲ့လူတွေရဲ့ တကျီကျီနားပူသံတွေက စိတ်ရှုပ်စရာအတိပြီးလာသည်။ ညစ်နေသောခေါင်းနဲ့အစပြုရင်း ဒေါသမာန်တွေထွက်ပေါ်လာချိန် တစ်ခါမှမပြဖူးသောခက်ထန်သောဆစ်ဖက်ခြမ်းပေါ်လာခဲ့သည်။
"တောက်စ်! ထွက်သွားစမ်း! ဖြေဆေးကိုတစ်ပတ်အတွင်းရအောင်ဖော် မရရင် မင်းတို့ဆွေစဥ်မျိုးဆက် ခေါင်းအပြတ်ပဲ!"
ဆွဲထုတ်သွားသောဆေးဆရာကြီးရဲ့မဖြစ်နိုင်ဘူးဆိုတဲ့စကားသံတွေဟာ သူ့ရင်ထဲကအပူမီးတွေကိုပိုပြီးလောင်မြိုက်အောင်ရိုက်ခတ်အသက်သွင်းကုန်သည်။ ဝမ်းနည်းခြင်းမျက်ရည်တွေက မျက်ခမ်းစပ်မှာဝေ့ဝဲကုန်၏။ ရှိုက်ကာငိုအံ့ဆဲဆဲဒီလူက ဒီတိုင်းပြည်ရဲ့အရှင်သခင်တစ်ပါးဖြစ်သူအလျောက် လက်အောက်ပြည်သားတွေအရှေ့အရှက်ရစရာဖြစ်လည်း ကလေးနဲ့ပတ်သတ်ခဲ့တာမို့ မျက်ရည်စတွေကထိန်းချုပ်ခြင်းမဲ့စွာကျလာခဲ့သည်။
YOU ARE READING
MELIVODY 𐤀 [Completed]