Ep(1)

1.3K 104 3
                                    

" ကိတ်ရောအမေ . . .  "

အပြင်ကအမောတကောပြန်လာပြီးရေခဲသေတ္တာမှာပစ္စည်းတွေကိုနေရာချနေတဲ့အမေ့ကိုဆူးလ်ဂီစားပွဲနားကနေရပ်ကာမေးလိုက်လေသည်၊၊

" ဘာကိတ်တုန်း ဆူးလ်ဂီရဲ့"

အမေကဆူးလ်ဂီကိုမကြည့်ဘဲပစ္စည်းတွေထည့်ရင်းသာပြောလိုက်သည်၊၊

" ဒီနေ့ဘာနေ့လဲအမေ ,မသိဘူးလား "

" ၁၀ရက်နေ့လေ "

ဆူးလ်ဂီတစ်ယောက်ဒေါသစိတ်နဲ့အတူဝမ်းနည်းစိတ်ကြောင့်ပါးပြင်ထက်မျက်ရည်စလေးများခုန်ဆင်းလာလေသည်၊၊

"  ဆွန်းဝမ် တစ်ယောက်တည်းပဲအမေ့သမီးလား
    ဆူးလ်,ကရောအမေ့သမီးမဟုတ်ဘူးလား "

ရှိုက်သံတွေဖြင့်ရင်ဘတ်ကိုထုရိုက်ကာပြောလာ
တော့အမေဖြစ်သူလည်းနောက်သို့ခေါင်းလေးလှည့်လာလေသည်၊၊

" ဘာဖြစ်ရပြန်တာလဲ ဆူးလ်ဂီ
  တနေ့တနေ့အိမ်ကိုဘယ်လိုဆူအောင်လုပ်ဖို့ပဲ
  စဥ်းစားနေတာလား "

" ဟုတ်ပါတယ် . . . ဆူးလ်ကအမြဲပြသနာ
   ဆွန်းဝမ်ကပဲအတော်ဆုံး အလိမ္မာဆုံး
   ဆွန်းဝမ်မွေးနေ့ကပဲမဟာနေ့ထူးနေ့မြတ်
   ဆူးလ်,မွေးနေ့ကဂရုစိုက်စရာမလိုတဲ့နေ့ "

ဒီတော့အမေဟာသတိရသွားဟန်ဖြင့်
  " အမေလည်းဆိုင်ကတစ်ဖက်၊နင်တို့ကတစ်ဖက်ဆိုတော့စိတ်နဲ့ကိုယ်မကပ်ဘူးလေ
အခုလည်းအချိန်ရှိသေးတာပဲ
ရေညှိဟင်းချိုချက်ပေးမယ် ဟုတ်ပြီလား "

" ဆူးလ်အတွက်ဆိုအမေဘယ်တုန်းကသတိတရရှိဖူးလို့လဲ . . . အဝတ်အစားကအစဆွန်းဝမ်အကျတွေဝတ်နေရတာလေ . . .ဘယ်တုန်းက
ဆူးလ်အတွက်ဆိုပြီးအသစ်ဝယ်လာဖူးလို့လဲ "

"တိတ်စမ်း ဂန်ဆူးလ်ဂီ !!!
ဒီလိုအမနဲ့မဟုတ်တာတွေပြိုင်နေမယ့်အစား
စာသာပြိုင်စမ်းပါ "

"အဲ့စာတစ်ခုတည်းနဲ့ပဲဆုံးဖြတ်နေလိုက် အမေ "

ဆူးလ်ဂီလည်းအမေဖြစ်သူနဲ့စကားများပြီးစက်ဘီးတစ်စီးနဲ့ထွက်လာခဲ့လေသည်၊၊

" ဆူးလ် !! "

ဆူးလ်ဂီလည်းကိုယ့်ကိုခေါ်နေတဲ့သူကိုအရှိန်လွန်ကာကျော်သွားတာမို့နောက်ပြန်ဆုတ်လိုက်သည်၊၊

My Little Happiness Where stories live. Discover now