ဆူးလ်ဂီတစ်ယောက်ဘာဂါတစ်လုံးနှင့်နို့ဘူးတစ်ဘူးကိုင်ကာအတန်းဖော်တွေနားကပ်ကာအလုပ်တွေရှုပ်နေတဲ့ဂျန်နီကိုကြည့်နေလေသည်၊၊ဂျန်နီ သူ့ဘေးသို့ရောက်လာတဲ့အခါမှ
" ဘာလုပ်နေတာလဲ မုန့်လိုက်ဝေနေတာလား "ဂျန်နီလည်းထိုင်ခုံလေးမှာထိုင်လိုက်ပြီးလက်ထဲကဘာဂါနှင့်နို့အေးဘူးလေးကိုစားပွဲပေါ်တင်ကာ
ခေါင်းလေးခါရမ်းရင်း
" မဟုတ်ပါဘူးဟာ
မနက်တိုင်းငါ့ခုံမှာဒါလေးတွေလာလာထားသွားတာဘယ်သူဘယ်ဝါမှန်းသိချင်တာကြောင့်
တစ်ခန်းလုံးကိုလိုက်မေးကြည့်တာ
အားလုံးကလည်းမသိဘူး မဟုတ်ဘူးနဲ့ "ဆူးလ်ဂီလည်းမုန့်လေးကိုကိုင်ကြည့်ရင်း
" ကြာပြီလား "" အင်း တော်တော်ကြာပြီ "
" ဟမ် ငါလည်းမသိရပါလား "
ဂျန်နီ ဆူးလ်ဂီကိုမျက်စောင်းလေးထိုးလိုက်ပြီး
" နင်ကအမြဲနောက်ကျနေတာကို "" ဆိုင်ကိုကူပေးနေရလို့ပါဟာ "
" အင်းပါ ထားပါတော့လေ "
ဆူးလ်ဂီလည်းဂျန်နီပေါင်လေးကိုပုတ်လိုက်ပြီး
မုန့်ကိုမေးငေါ့ကာ
" ထားပါတော့လုပ်မနေနဲ့
တစ်ယောက်တစ်ဝက်စားရအောင် လုပ် "ထို့ကြောင့်ဂျန်နီလည်းဘာဂါကိုတစ်ယောက်တစ်ဝက်ပိုင်းလိုက်လေသည်၊၊ထို့နောက်သူအတွက်တစ်ဝက်ကိုယူပြီးဆူးလ်ဂီလက်ထဲတစ်ဝက်ကိုထည့်လိုက်လေသည်၊၊
နှစ်ယောက်သားတူတူစားနေရင်းဂျန်နီက
" ဒါနဲ့နင်နဲ့စီနီယာကဘယ်လိုဆက်ဆံရေးလဲ "ထိုစကားကြောင့်ပလုတ်ပလောင်းစားနေတဲ့
ဆူးလ်ဂီတစ်ယောက်ဝါးဖို့တုန့်ဆိုင်းသွားကာ
ပါးတစ်ဖက်မှာသာငုံရင်းအတွေးကမ္ဘာထဲသို့ခေတ္တရောက်သွားလေသည်၊၊" ဆူးလ်ဂီ "
နား,နားကပ်ကာခေါ်လိုက်တဲ့ဂျန်နီကြောင့်
ဆူးလ်ဂီမှာအတွေးကမ္ဘာနဲ့ပြတ်တောက်သွား
တော့သည်၊၊" ဟမ် "
" ဟမ်တွေဘာတွေလုပ်မနေနဲ့
ငါမေးတာသာဖြေ "ဆူးလ်ဂီလည်းအထစ်ထစ်အငေါ့ငေါ့ဖြင့်
" အမ် . . .
ဟို . . . ဘယ်လိုဆက်ဆံရေးရမှာလဲ
ဒီတိုင်းခင်ကြတာပဲပေါ့ ဘာလို့တုန်း "
YOU ARE READING
My Little Happiness
Fanfictionစိတ်အခြေအနေမကောင်းတိုင်းအမြဲပေါ်လာပေးလို့ကျေးဇူးတင်ပါတယ်