Ep(6)

462 77 0
                                    

နှင်းဆီနီတစ်ပွင့်ကိုကိုင်ကာချစ်ရေးဆိုနေတဲ့ဂျန်နီကိုဆူးလ်ဂီခပ်လှမ်းလှမ်းမှရပ်စောင့်နေသည်၊၊

အောင်မြင်သွားဟန်တူပါရဲ့ဂျန်နီတစ်ယောက်ပြုံးရင်းခုန်ပေါက်ပြေးလာလေသည်၊၊

" ဆူးလ်ဂီရေ . . စီနီယာကတွဲကြရအောင်တဲ့ "

ဆူးလ်ဂီလည်းအပြုံးတုတွေဖြင့်အားတင်းကာစကားဆိုလိုက်လေသည်၊၊

" ဂုဏ်ယူပါတယ်ဟာ "

ဂျန်နီလည်းဝမ်းသာအားရဖြင့်ဆူးလ်ဂီလက်လေးကိုဆွဲကာ
" အဲ့ဒါနင့်ကျေးဇူးကြောင့်လေ
လာ နင်ကြိုက်တာ‌တဲ့မုန့်တွေအကုန်ဝယ်ကျွေးမယ် "

ဆူးလ်ဂီလည်းလက်လေးကိုဖြုတ်ချပြီး
" မစားတော့ပါဘူးဟာ
ငါခေါင်းကိုက်နေလို့အတန်းကိုပဲပြန်ချင်တယ် "

" ဟုတ်လား တော်တော်ဆိုးနေလား
ဒါဆိုလည်းပြန်ရအောင်လေနော် "

" အွန်း နည်းနည်းပါ "

" ငါတို့ဆေးပေးခန်းအရင်သွားကြမလား "

" အတန်းပြန်နားလိုက်ရင်အဆင်ပြေသွားမှာပါ "

-

ထိုနေ့မှစ၍အိမ်ကိုအကြောင်းမရှိအကြောင်းရှာ
ဝင်ထွက်တတ်တဲ့ဂျူဟွန်း ၊ ညဘက်အချိန်ပိုတက်ရတိုင်းလမ်းလျှောက်ထွက်တယ်ဆိုပြီး
ရောက်လာတတ်တဲ့ဂျူဟွန်း ၊ စိတ်အခြေအနေမကောင်းတိုင်းအမြဲပေါ်လာတတ်တဲ့ဂျူဟွန်း ၊ စက်ဘီးနောက်ခုံလေးမှကျစ်ကျစ်ပါဖက်ထားတတ်တဲ့ဂျူဟွန်း ၊ လက်တစ်ဖက်မှာတွဲခိုတတ်တဲ့ဂျူဟွန်း ၊ ခေါင်းကိုင်တာမကြိုက်တဲ့သူကိုလက်သေးသေးလေးတွေအမြဲလိုလိုထိတွေ့တတ်တဲ့ဂျူဟွန်း ၊ စားသောက်တဲ့အချိန်တိုင်းဓာတ်ပုံလေးတွေတဖျတ်ဖျတ်ရိုက်ပြီးပြုံးတတ်တဲ့ဂျူဟွန်းကိုမတွေ့ရတော့ပေ ၊၊

" ဆူးလ်ဂီ . . . ဒီကိုလာလေ "

ထမင်းဗန်းကိုကိုင်ပြီးနေရာလွတ်ရှာနေတဲ့
ဆူးလ်ဂီကိုဂျန်နီလက်လေးယက်ကာလှမ်းခေါ်လိုက်လေသည်၊၊စားပွဲဝိုင်းတွေမှာလူတွေအကုန်ပြည့်ပြီးနေရာလွတ်လည်းမရှိတော့တာမို့ဆူးလ်ဂီလည်းသွားလိုက်လေသည်၊၊

မျက်နှာချင်းဖို့မျက်နှာပူပါတယ်ဆိုမှဂျူဟွန်းနဲ့မှမျက်နှာချင်းဆိုင်တည့်တည့်မှာထိုင်ရတဲ့အဖြစ် ၊၊

My Little Happiness Where stories live. Discover now