ဆူးလ်ဂီဆိုင်ထဲဝင်ဝင်လာချင်းဆွန်းဝမ်ကဆီးကြိုကာ
" နင်ဘာလို့ငါ့ဖိနပ်ကိုစီးသွားတာလဲ "ဆူးလ်ဂီလည်းဗွက်တွေပေနေတဲ့သူစီးထားတဲ့
Converse အဖြူလေးကိုငုတ်ကြည့်ပြီးဆိုင်ထဲကလူတွေကိုဝှေ့ပတ်ကြည့်လိုက်သည်၊၊ဆွန်းဝမ်လည်းဖိနပ်အဖြူလေးကိုကြည့်ရင်း
" အဖြူမို့လို့အပေအတေမခံလို့ငါတောင်မစီးရက်တဲ့ဟာကိုနင်ကဘာလို့ယူစီးသွားရတာလဲ "" ကြိုက်လို့ပေါ့ . . .
နင်ကြိုက်သလိုငါလည်းကြိုက်လို့ပေါ့ "" ကြိုက်တိုင်းသူများဟာကိုခွင့်မတောင်းဘဲယူစီးရလား ဂန်ဆူးလ်ဂီ "
ထိုစဥ်အမေဖြစ်သူကသူတို့နားရောက်လာပြီး
ဆူးလ်ဂီလက်မောင်းကိုလှမ်းရိုက်ကာ
" အမကိုတောင်းပန်လိုက်လေ ဆူးလ်ဂီ
အမဟာလည်းယူစီးသေးတယ် ရန်လည်းပြန်တွေ့နေသေးတယ် "ဆူးလ်ဂီလည်းပြသနာဖြစ်တိုင်းသူ့ဘက်ကဘယ်တော့မှမပါတဲ့အမေကိုကြည့်ပြီးဖိနပ်လေးကိုချွတ်လိုက်လေသည်၊၊
" ဒီအိမ်မှာငါ့အတွက်ပိုင်ဆိုင်မှုဆိုတာ
ဘာမှမရှိဘူးပဲ . . . . "ဆူးလ်ဂီပြောပြီးရှက်စိတ်နဲ့အတူဝမ်းနည်းစိတ်တွေကြောင့်ဆိုင်ထဲမှခြေဗလာနဲ့ပြေးထွက်လာခဲ့လေသည်၊၊
ထိုစဥ် ဂျူဟွန်းကလည်းဆိုင်တံခါးကနေဆူးလ်ဂီနောက်လိုက်ဖို့ပြင်တော့ဆွန်းဝမ်ကလှမ်းပြီး
" ဒါဘယ်လဲ ဂျူဟွန်း
နားမလည်တဲ့စာတွေကိုမေးဖို့ဆိုပြီး "ဂျူဟွန်းလည်းလောလောဖြင့်
" အင်း ပြန်လာမှပေါ့ ဆွန်းဝမ် " ပြောပြီးဆိုင်ထဲကထွက်လာလိုက်သည်၊၊ဂျူဟွန်းလည်းခပ်လှမ်းလှမ်းကဆူးလ်ဂီနောက်ကိုခြေလှမ်းကျဲကျဲတွေဖြင့်လိုက်လေသည်၊၊
ပန်းခြံငယ်လေးဆီရောက်တော့ဆူးလ်ဂီဝင်သွားပြီးမိုးရွာထားလို့ရေတွေနည်းနည်းစိုနေတဲ့ဒန်းလေးမှာဝင်ထိုင်လိုက်လေသည်၊၊
ဂျူဟွန်းလည်းပန်းခြံအဝကနေငိုနေတဲ့ဆူးလ်ဂီကိုလှမ်းကြည့်ပြီးဆူးလ်ဂီအနားကိုဖြေးဖြေးချင်းသွားလိုက်လေသည်၊၊
YOU ARE READING
My Little Happiness
Fanfictionစိတ်အခြေအနေမကောင်းတိုင်းအမြဲပေါ်လာပေးလို့ကျေးဇူးတင်ပါတယ်