Final

998 109 5
                                        


" ငါတို့ပြတ်သွားကြပြီ "

ဂျန်နီ့ဆီကစကားကြောင့်ဆူးလ်ဂီမျက်လုံးလေးအနည်းငယ်ပြူးကျယ်သွားပြီး
" ဘာလို့လဲ "

" ဘာလို့လဲဆိုတော့
စီနီယာရဲ့နေရာတိုင်းမှာနင်ပဲစိုးမိုးထားလို့လေ "

ဆူးလ်ဂီပြောစရာစကားတွေမဲ့ကာငြိမ်သက်စွာနားထောင်နေလေသည်၊၊

" အဲ့တော့နင်လည်းခံစားချက်တွေကို
မပွင့်မလင်းလုပ်မနေနဲ့တော့ ဆူးလ်ဂီ "

" နင်အဆင်ပြေရဲ့လား "

" ဒီလိုပါပဲ  အဆင်ပြေသွားမှာပါ "

ဆူးလ်ဂီအားနာစိတ်ကြောင့်ဇက်ကလေးပုသွားပြီး
" တောင်းပန်ပါတယ် "

ဂျန်နီလည်းဆူးလ်ဂီလက်လေးကိုဆုပ်ကိုင်ရင်း
" မလိုပါဘူးဟာ "

-

"  ခဏ  , ခဏလေးနေပါဦး "

ဂျန်နီတစ်ယောက်ရှောင်ပြေးဖို့လုပ်နေတဲ့သူကိုလက်လေးဆွဲကာတားလိုက်လေသည်၊၊

ထို့ကြောင့်အသဲပုံနှုတ်ခမ်းပိုင်ရှင်လေးမှာခြေလှမ်းတွေရပ်တန့်သွားပြီးဂျန်နီ့မျက်ဝန်းတွေကိုကြည့်နေလေသည်၊၊

ဂျန်နီလည်းခုံပေါ်ကမုန့်တွေကိုတစ်ချက်ကြည့်ပြီး
"  ဟို . . . ဂျန်နီ့ကိုမနက်တိုင်းဘာဂါနဲ့နို့အေးလာထားပေးတာ စီနီယာလား "

လက်ပူးလက်ကြပ်မိနေတာမို့သူမလည်းဂျန်နီ့ကိုခေါင်းလေးညိမ့်ပြလေသည်၊၊

" ကျေးဇူးတင်ပါတယ် စီနီယာ "

" စီနီယာလို့မခေါ်ပါနဲ့လား "

" ဒါဆိုဂျန်နီဘယ်လိုခေါ်ရမလဲဟင်
နာမည်လေးသိခွင့်ရှိမလား "

" ဂျီဆူး .  .  .တို့ ,နာမည်ကကင်မ်ဂျီဆူးပါ "

" ဟုတ် အမဂျီဆူး "

" တို့ ,မင်းနဲ့ရင်းနှီးခွင့်ရှိမလား "

ဂျန်နီလည်းခေါင်းလေးညိမ့်ပြပြီး
" ဟုတ် ဂျန်နီလည်းခင်ချင်လို့ရှာနေတာအတော်ကြာပါပြီ "

တစ်ယောက်နဲ့တစ်ယောက်မျက်လုံးဆိုင်ရင်း
ပြုံးပြလိုက်ကြလေသည်၊၊

My Little Happiness Where stories live. Discover now