အမှတ်မကောင်းတဲ့သူတွေအချိန်ပိုတက်ရမယ်ဆိုတာကြောင့်ဆူးလ်ဂီလည်းညကျောင်းတက်ဖို့အကြောင်းဖန်လာခဲ့သည်၊၊
အတန်းပြီးတော့ဆူးလ်ဂီလည်းဂျန်နီနဲ့တူတူထွက်လာလေသည်၊၊
" ဆူးလ် "
ဆူးလ်ဂီအသံလာရာဆီကိုလှမ်းကြည့်လိုက်ပြီးလက်လေးဝှေ့ရမ်းကာစက်ဘီးလေးကိုတွန်းရင်းသွားလိုက်လေသည်၊၊
အနားရောက်တော့ဂျန်နီကဂျူဟွန်းကိုကြည့်ရင်း
" အတန်းလည်းတက်ရတာမဟုတ်ဘဲဘယ်လိုလုပ်ရောက်လာတာလဲ စီနီယာ "ဆူးလ်ဂီကတော့သူမေးမယ့်မေးခွန်းကိုဂျန်နီမေးသွားတာကြောင့်ငြိမ်သက်ကာအဖြေကိုနားထောင်နေလိုက်သည်၊၊
ဂျူဟွန်းလည်းဆူးလ်ဂီကိုကြည့်ရင်း
" ဒီလိုပါပဲ စာလုပ်ရင်းမွှန်းကြပ်လာလို့စိတ်ပြေလက်ပျောက်လမ်းလျှောက်ထွက်လာတာလေ "ထိုစဥ်ဂျန်နီ့အမေရဲ့ကားလေးရောက်တာကြောင့်
ဂျန်နီတစ်ယောက်အလောတုန်းဆယ်ဖြင့်လက်လေးဝှေ့ရမ်းကာ
" အမေလာကြိုပြီမို့ သွားပြီနော်စီနီယာ
သွားပြီနော် ဆူးလ်ဂီ "ဆူးလ်ဂီနဲ့ဂျူဟွန်းလည်းလက်လေးပြန်ဝှေ့ရမ်းကာနှုတ်ဆက်လိုက်ကြလေသည်၊၊
ဂျန်နီ့အမေကားလေးထွက်သွားသည်နှင့်ဂျူဟွန်းတစ်ယောက်ထွက်သွားတဲ့ကားလေးကိုမျက်စိ
တစ်ဆုံးလိုက်ကြည့်နေတဲ့ဆူးလ်ဂီခေါင်းလေးကိုပွတ်လိုက်လေသည်၊၊ဆူးလ်ဂီကလည်းရှောင်ဖယ်ရင်း
" အာ . . .အမကတော့လုပ်ပြန်ပြီကွာ "ဆူးလ်ဂီနှုတ်ခမ်းလေးဆူကာထိုသို့ပြောတိုင်း
ဂျူဟွန်းမှာပြုံးကာသဘောတွေကျနေတော့သည်၊၊ဆူးလ်ဂီစက်ဘီးလေးပေါ်ခွလိုက်တော့ဂျူဟွန်းလည်းနောက်ခုံလေးမှာတက်ထိုင်လိုက်လေသည်၊၊
ထို့နောက်ဆူးလ်ဂီခါးသေးသေးလေးကိုကျစ်ကျစ်ပါအောင်ဖက်ထားလိုက်လေသည်၊၊
တိုက်ခတ်လာသောလေပြေလေးတွေနဲ့ဆက်တိုက်ခုန်နေတဲ့ရင်ခုန်နှုန်းတွေကြောင့်
ဆူးလ်ဂီနားရွက်လေးတွေရဲလို့လာလေသည်၊၊
YOU ARE READING
My Little Happiness
Fanfictionစိတ်အခြေအနေမကောင်းတိုင်းအမြဲပေါ်လာပေးလို့ကျေးဇူးတင်ပါတယ်