Ep(3)

495 78 0
                                    


ဆူးလ်ဂီတစ်ယောက်အရှေ့ကိုသေချာမကြည့်ဘဲ
ဖုန်းကိုငုတ်ကြည့်ရင်းလျှောက်လာတာကြောင့်
စီနီယာအုပ်စုကိုဝင်တိုက်မိလိုက်သည်၊၊

ထုံးစံအတိုင်းကျောင်းတစ်ကျောင်းမှာစီနီယာတွေအုပ်စိုးရာဖြစ်သည်မို့
" မျက်လုံးတွေကဘာလုပ်ဖို့လဲ . . .
လူတွေလာနေတာကိုမကြည့်ဘဲဘာလုပ်ဖို့လဲလို့ "
ဆူးလ်ဂီကိုလက်ညှိုးတရမ်းရမ်းနှင့်ပြောလေသည်၊၊

ဆူးလ်ဂီလည်းထိုအုပ်စုနှင့်ရန်မဖြစ်လိုတာကြောင့်ခေါင်းလေးငုတ်ပြီး
"တောင်းပန်ပါတယ် "ဆိုကာရှောင်ပြေးဖို့ပြင်လေသည်၊၊

လွယ်လွယ်နဲ့ကျော်မသွားတတ်တဲ့သူတို့ကလည်း
ဆူးလ်ဂီလက်မောင်းကိုဖမ်းဆွဲလိုက်‌ကြသည်၊၊

ထိုစဥ် . . .

" အဲ့ဒါဘာဖြစ်နေကြတာလဲ "

" အမဂျူဟွန်း "

ဆူးလ်ဂီအားကိုးတကြီးခေါ်လိုက်မိလေသည်၊၊

ဂျူဟွန်းလည်းအနားကိုရောက်လာပြီးဆူးလ်ဂီပခုံးကိုဖက်ကာ
" တောင်းပန်တဲ့သူကတောင်းပန်ပြီးပြီမလား
နင်တို့ကဘာဖြစ်ချင်‌တာလဲ "

သူတို့ထက်စီနီယာကျတဲ့ဂျူဟွန်းကပြန်ဖြဲတာမို့
သုံးယောက်သားရယ်ကာမောကာဖြင့်
" ဟို . .  .ဘာမှမဖြစ်ချင်ပါဘူး
ဘာများဖြစ်သွားလဲလို့မေးမလို့ပါ
ခွင့်ပြုပါဦးနော် စီနီယာ "

ဂျူဟွန်းလည်းသူတို့ကိုမျက်စိတဆုံးလိုက်ကြည့်ရင်း
" နောက်တစ်ခါငါ့ညီမကိုထိလို့ကတော့
  အသေပဲနော် "

အော်ပြောလိုက်တဲ့ဂျူဟွန်းစကားကြောင့်
ဆူးလ်ဂီမှာတစ်ယောက်တည်းကြိတ်ရယ်နေတော့သည်၊၊

***  ပိစိညှောင့်တောက်ပါဝါကတော့
       အံ့မခန်းပဲ ***

-

" ဆူးလ်ဂီ . . .  "

" အွန်း " 
ဆူးလ်ဂီပုံလေးဆွဲရင်းမေးလေးငေါ့ကာထူးလိုက်လေသည်၊၊

" ဟိုလေ .  .  .နင့်အမသူငယ်ချင်းလေ "

ဆူးလ်ဂီလည်းစကားပြောတာတွန့်ဆုတ်နေတဲ့
ဂျန်နီဆီအကြည့်တွေကိုပို့လိုက်ပြီး
" ဘာလို့လဲ "

" နင်နဲ့အတော်ရင်းနှီးမယ့်ပုံပဲနော် "

" ဆိုပါတော့ "

" ဟိုလေ .  .  .ငါ့ကိုမိတ်ဆက်ပေးပါလား
နင့်ကို Pringlesဝယ်ကျွေးမယ်လေ "

ဆူးလ်ဂီတစ်ယောက်မေးစေ့လေးကိုလက်လေးနဲ့ပွတ်ရင်း
" ပဲခေါက်ဆွဲပါဝယ်ကျွေးရင်စဥ်းစားပေးမယ်လေ "

ဂျန်နီလည်းဆူးလ်ဂီလက်မောင်းလေးကိုဖက်တွယ်ရင်း
" အင်းပါ ငါကျွေးပါ့မယ်
ငါ့ကိုစီနီယာနဲ့သာမိတ်ဆက်ပေး "

" ပြီးရော "

-

ဒီနေ့တော့ဆူးလ်ဂီလည်းသဘောတူထား
သည့်အတိုင်းဂျန်နီကိုခေါ်ကာဂျူဟွန်းတို့အဆောင်ဘက်သို့ထွက်လာလေသည်၊၊

ကြိုတင်ချိန်းထားတာဖြစ်တာမို့ဂျူဟွန်းမှာအတန်းအဆောင်ရှေ့ကနေဆူးလ်ဂီကိုစောင့်လို့နေလေသည်၊၊

" ဆူးလ် "

ဆူးလ်ဂီတစ်ယောက်တည်းလာမယ်လို့ထင်ထားခဲ့ပေမဲ့ဘေးကအဖော်ပါလာသည်ကိုမြင်တော့ဂျူဟွန်းအပြုံးတချက်ပျက်လို့သွားလေသည်၊၊

" အမ ဒါညီမသူငယ်ချင်းကမ်ဂျန်နီတဲ့ "

ဆူးလ်ဂီလည်းကတိပေးတဲ့အတိုင်းဂျူဟွန်းနဲ့
ဂျန်နီကိုမိတ်ဆက်ပေးလိုက်လေသည်၊၊

ဂျူဟွန်းကလည်းဂျန်နီကိုကြည့်ကာပြုံးပြပြီး
" အမ ကဘယ်ဂျူဟွန်းပါ
ဆူးလ်ကိုခင်သလိုအမကိုလည်းခင်နိုင်ပါတယ် "
ဆိုကာဂျန်နီဆီလက်လေးလှမ်းလိုက်လေသည်၊၊

ဂျန်နီကလည်းဂျူဟွန်းလက်လေးကိုဆုပ်ကိုင်လိုက်ပြီး
" ခင်မင်ခွင့်လေးအတွက်
ကျေးဇူးတင်ပါတယ် စီနီယာ "

အချင်းချင်းလက်ဆွဲနှုတ်ဆက်ကြပြီးတော့လက်လေးတွေပြန်ဖယ်လိုက်ကြသည်၊၊

" ရပါတယ်ကွယ် ဒါဆိုအမလည်းအတန်းသွားတက်တော့မယ်နော်"

ဂျန်နီလည်းခေါင်းလေးညိမ့်ကာ
" ဟုတ်ကဲ့ စီနီယာ "

ဂျူဟွန်းကတော့ထုံးစံအတိုင်းဆူးလ်ဂီခေါင်းလေးကိုပွတ်ကာ
" အမ သွားပြီနော် ဆူးလ်"

ဆူးလ်ဂီကလည်းထုံးစံအတိုင်းဂျူဟွန်းလက်တွေရှောင်ဖယ်ကာနှုတ်ခမ်းလေးဆူရင်း
" အာ . . .အမကတော့လုပ်ပြန်ပြီ "

ဂျူဟွန်းလည်းပြုံးရင်းအဆောင်ထဲသို့ဝင်သွားလေသည်၊၊

My Little Happiness Where stories live. Discover now