ထမင်းစားဆောင်မှာဆူးလ်ဂီကိုမတွေ့တာ
ကြောင့်ဂျူဟွန်းခေါင်းလေးတရမ်းရမ်းဖြင့်လိုက်ရှာနေလေသည်၊၊ဘေးကရိပ်မိနေတဲ့ဂျန်နီကလည်းဂျူဟွန်းကို
ကြည့်ရင်း
" ဘယ်သူ့ကိုရှာနေတာလဲ စီနီယာ "" ဆူးလ်ကိုလည်းမတွေ့ပါလား "
ဂျူဟွန်းရဲ့နှုတ်ဖျားကထပ်ထွက်လာတဲ့ဆူးလ်ဆိုတဲ့နာမ်စားကြောင့်ဂျန်နီမှာအလိုမကျစွာဖြင့်မျက်မှောင်လေးကျုံ့သွားလေသည်၊၊
" ထမင်းအရင်စားရအောင် "
" ဆူးလ်ကိုတွေ့မိသေးလား ဂျန်နီ "
" ထမင်းအရင်စားရအောင်လို့ "
ဂျန်နီ့အသံမှာအနည်းငယ်မြှင့်ကာမာကျောလို့သွားလေသည်၊၊
ထို့ကြောင့်ဂျူဟွန်းလည်းဂျန်နီစိတ်တိုသွားမှန်း
ရိပ်မိသွားသည်မို့ဇွန်းလေးကိုကောက်ကိုင်ပြီးမေးခွန်းတွေကိုဆက်မမေးတော့ပေ၊၊ထမင်းစားနေတာကိုစိတ်မပါဘဲထမင်းတွေကိုဇွန်းနဲ့မွှေနှောက်နေတဲ့ဂျူဟွန်းကြည့်ရင်းဂျန်နီသက်ပြင်းလေးချလိုက်လေသည်၊၊
" ဆူးလ်ဂီ ဖျားလို့ဆေးပေးခန်းမှာနားနေတယ် "
ထိုစကားကြောင့်ဂျူဟွန်းမျက်နှာဖြစ်ပျက်သွားလိုက်တာများ ၊၊
ထို့ပြင်ဟန်တောင်မဆောင်နိုင်ဘဲဂျူဟွန်းတစ်ယောက်ပျာရိပျာယာဖြင့်ထမင်းစားဆောင်မှထထွက်သွားလေသည်၊၊
" ဆူးလ် "
ကုတင်မှာလှဲကာမျက်လုံးလေးမှိတ်ထားတဲ့
ဆူးလ်ဂီကိုဂျူဟွန်းခေါ်လိုက်လေသည်၊၊ဆူးလ်ဂီလည်းမကြားတာကြာပြီဖြစ်တဲ့ဂျူဟွန်းရဲ့ခေါ်သံလေးကြောင့်မျက်လုံးလေးတွေအသာ
ဖွင့်လိုက်လေသည်၊၊ဂျူဟွန်းဟာဆူးလ်ဂီလက်လေးကိုဆုပ်ကိုင်ရင်း
" သက်သာရဲ့လား ဆူးလ် "ဆူးလ်ဂီလည်းဂျူဟွန်းရဲ့ဂရုဏာမျက်ဝန်းတွေကိုငေးရင်းခေါင်းလေးအသာညိမ့်လိုက်လေသည်၊၊
ထပ်ပြီးဂျူဟွန်းလက်တွေကဆူးလ်ဂီနဖူးပေါ်သို့ရောက်လာပြန်သည်၊၊

YOU ARE READING
My Little Happiness
Fanfictionစိတ်အခြေအနေမကောင်းတိုင်းအမြဲပေါ်လာပေးလို့ကျေးဇူးတင်ပါတယ်