Unicode
ကိုယ့်updatesလေးတွေစောင့်ဖတ်တဲ့လူများရှိမလားတော့မသိဘူး။
အခုလိုသောကများရတဲ့ကာလကြီးမှာ
ကိုယ့်ဇာတ်ကောင်လေးတွေကိုရှေ့တခန်းပို့နိုင်ဖို့ဆိုတာအတော်ကိုကြိုးစား ရတာ။
ဇာတ်လမ်းအကြောင်းအရာတွေရှိပြီးသား
ဆိုပေမယ့် လက်ကချရေးဖို့အချိန်မပေးနိုင်တာရော၊စိတ်အဆင်မပြေတာရောကြောင့်
updateမှန်မှန်တင်မပေးနိုင်တာကို
နားလည်ပေးကြပါ ဗျာတို့ရေ။
ကိုယ်ကတော့ ကိုယ်တိုင်ရေးတာဖြစ်ဖြစ်
တခြားသူရေးတာဖြစ်ဖြစ် ဝတ္ထုတစ်ပုဒ်ကိုဖတ်ပြီးရင် ဇာတ်ကောင်တွေကိုလွမ်းနေရော။
အခုလည်းကိုယ့်ဇာတ်ကောင်တွေကို အရမ်းလွမ်းတာပဲ။
အပြင်မှာတကယ်မရှိတဲ့ဇာတ်ကောင်တွေကို
လွမ်းရတာ တော်တော်ဆိုးပါတယ်။
ဖုန်းဆက်မရ စာပို့မရနဲ့။
ဒါပေမဲ့ အပြင်မှာတကယ်ရှိတဲ့လူတွေလို
ကိုယ်ကတကယ်လွမ်းတာပါ။
ကိုယ်ကအရမ်းလည်းခံစားတတ်တဲ့ကောင်။
နေရာတကာခံစားလွန်းလို့ ကိုယ်တော့
အသက်တိုမယ်ထင်တာပဲ။
ပြောချင်တာကဒီလိုပါ
ကိုယ့်ဇာတ်ကောင်တွေကိုကိုယ်အရမ်းလွမ်းတယ်၊ဖတ်လက်စ တစ်ယောက်တလေကလည်း လွမ်းနေမယ်ထင်ပါတယ်။
ဆိုတော့ သင်္ကြန်ပိတ်ရက်တွေမှာ
ကိုယ်စာတွေဖိရေးထားပါ့မယ်။
ဇာတ်ကောင်တွေနဲ့ပြန်တွေ့ရင် သူတို့ကိုယ့်ကိုများစိတ်ဆိုးနေမလား?Edit:
ကိုယ်လေ နာမည်ကြီးauthorတွေလို
အကောင်းစာဝတ္ထုတွေ ရေးချင်တယ်။
ဗျာတို့ကိုentertainလုပ်တဲ့အဆင့်လောက်မှာတင်ရပ်မနေဘဲ ချစ်ခြင်းတရားနဲ့ပတ်သက်
တဲ့ကိုယ့်ရဲ့အမြင်တွေ၊ဘဝနဲ့ပတ်သက်တဲ့
ကိုယ့်ရဲ့ခံယူချက်တွေ ၊မြန်မာပြည်ရဲ့တောတောင်ရေမြေသဘာဝတွေ၊
လူမသိသူမသိ အဆုံးသတ်ခဲ့ရတဲ့ ကြေကွဲစရာဇာတ်လမ်းအဖုံဖုံတွေ ကိုတခမ်းတနားရေးပြချင်သေးတယ်။
အနုပညာဆိုတာ ရင်ဘက်မှာအခြေခံဖြစ်တည်လာတယ်ဆိုပေမယ့်
ရင်မှာတည်တိုင်းလည်းအနုပညာမှမဟုတ်တာဘဲလေ။
ကိုယ့်စိတ်ရဲ့အညစ်အကြေးတွေကိုတော့
အနုပညာလို့ခေါင်းစဥ်တပ်ဖွင့်မထုတ်မိဖို့
ကိုယ်ကြပ်ကြပ်ဂရုစိုက်မှာ။
အကောင်းစားတွေကိုဖန်တီးနိုင်တယ်လို့က်ိုယ်ယုံကြည်တယ်။April-9,2022
htoon naung toeZawgyi
ကိုယ်ကတကယ်လွမ်းတာပါ။
အသက်တိုမယ်ထင်တာပဲ။
ပြောချင်တာကဒီလိုပါ
Edit:
အကောင်းစားတွေကိုဖန်တီးနိုင်တယ်လို့ယုံကြည်တယ်။April-9,2022
htoon naung toe