ချစ်ဖူးတဲ့လူတွေသိမှာပါ။
ချစ်သူရဲ့အပြုံးကိုမြင်နေရရင် အရာအားလုံး
က်ိုမေ့ထားနိုင်တယ်။
ချစ်သူရဲ့အပြုံးဟာ နှလုံးအိမ်ကိုကြည်လင်ချမ်းမြေ့စေတယ်။
ချစ်သူကိုမြင်ရင် ရင်ထဲမှာငြိမ်းအေးပျော်ရွှင်သွားရတာတာမျိုး။
ချစ်သူရှိတဲ့အရပ်ဟာ ငြိမ်းချမ်းတဲ့အပြာရောင်ဒေသလေးပါပဲ။
ချစ်သူနဲ့အတူရှိနေရတဲ့အခါ ဘဝကနေရင်း
ထိုင်ရင်းအဓိပ္ပါယ်ရှိလာတာမျိုး။
ရေစက်တွေပါ။
ဟုတ်ပါတယ် ရေစက်တွေပါ။
"အ ဝေ"ဟာဗုဒ္ဓဘာသာတစ်ယောက်၊
ရှေ့ဘဝကိုလည်းယုံတယ်၊နောက်ဘဝကိုလည်းယုံတယ်။
အချစ်ရယ် ရေစက်မပါရင်တ်ို့နှစ်ယောက် မတွေ့ပါဘူး။
ဘယ်ဘဝက ကွဲခဲ့တာလဲ ညီရယ်။
လွန်ခဲ့တဲ့ ၇ ဘဝကလား။
ဒါတွေ "အ ဝေ"မသိပါဘူး။
ဘယ်ဘဝကပဲ ဝေးခဲ့ဝေးခဲ့ ပစ္စုပ္ပန် ဘဝထဲကို
ရောက်လာပေးလို့ ကျေးဇူးတင်တယ် ညီ။
စာဆို ဂျွန်ကိ ကပြောတယ်။
"အလှတရားသည် ထဝစဥ်ကြည်ရွှင်မှုကိုဖြစ်စေ၏"တဲ့။
ညီ့ကံတရားကြောင့် ညီ့ရုပ်လေး ချောတယ် လှတယ်ဆိုရင် ကိုကို့ကြောင့် ညီ့ဘဝလေးလှစေရမှာပေါ့။
ညီ့အပြုံးလေးငေးပြီး ကြည်ရွှင်ချမ်းမြေ့ရတာ ၊ညီ့ဘဝလေးကို ဖြည့်စွမ်းပေးနေရင်းနဲ့
ကြည်ရွှင်ချမ်းမြေ့ရတာ ။
အို...ဘယ်ခံစားချက်မဆိုပေါ့ နာကျင်နေရရင်တောင်မှ ညီ့ကိုအကြောင်းပြုပြီးရလာတဲ့
ခံစားချက်တွေကို ကိုကိုကတန်ဖိုးထားမှာပါ။
အပြုံး ညီ့အပြုံးတွေပေါ့။
သေးသေးမွှားမွှားလေးဖြည့်ဆည်းပေးရင်
တောင်မှ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြတတ်တဲ့
ညီ့အပြုံးတွေ။
ဒီအပြုံးတွေကိုမေ့ပစ်နိုင်ဖို့ဆိုတာ
တစ်သံသရာလား မလုံလောက်ပါဘူး။
သက်ရှိအလှတရားတစ်ခုကိုတဝကြီးခံစားဖို့
အားနာစရာမလိုပါဘူး။
အလှတရားဟာ ချစ်သူဖြစ်နေလို့ကိုအားနာစရာမလိုတာ။
ချစ်သူဖြစ်နေလို့ကို အချိန်ကြာကြီးငေးစိုက်ကြည့်နေခွင့်ရှိတာ။