Seatပေါ်က်ိုခြေထောက်နှစ်ချောင်းရအောင်တင်ပြီး ဒူးပေါ်မှာမှတ်စုစာအုပ်ကလေးတင်လို့ဘောပင်နဲ့ဟိုရေးဒီရေးလုပ်လိုက်၊အဆင်းအတက် အကွေ့အကောက်လမ်းဘေးဝဲယာကရှုခင်းတွေကိုကြည့်လိုက်နဲ့
ဘာလုပ်နေတာလဲလို့ မေးတော့ ညီက ကဗျာရေးနေတာတဲ့လေ။ညီ မလို့သွားရင်လာရင်း
ကဗျာရေးတတ်တယ်လို့ပြောတော့ ရေးချင်စိတ်ရှိဖို့ပဲလိုတာပါတဲ့။ချစ်တဲ့စိတ်ကြောင့်မမြင်နိုင်တာလားတော့မသိဘူး။လူတိုင်းမှာအားနည်းချက်ရှိကြပေမယ့် ညီ့ဆီမှာအားနည်းချက်ရယ်လို့ သူရေရေရာရာမတွေ့ပါဘူး။ဒီဘက်နှစ်ပိုင်းမှာ ညီဟာပိုရင့်ကျက်လာသလိုပဲ။မြို့သားလေးတစ်ပိုင်းဖြစ်လာတဲ့ညီဟာ ပိုသိမ်မွေ့လာသလို ပိုပြီးချောလာတယ်ဆိုတာ သေချာတယ်။
အချိန်တွေကြာလာတာနဲ့အမျှဒီgentlemanလေးဟာ သူ့ရဲ့right personဆိုတာသေချာလာခဲ့ရတယ်။
သူ့နှလုံးသားလေး ဘယ်လောက်ညစ်နွမ်းနေပါစေဒီလူသားလေးကိုမြင်နေရရင် သူ့စိတ်တွေငြိမ်းချမ်းသွားရစမြဲပဲ။ညီ ကဗျာရေးနေတယ်ပြောလို့ သူစကားတောင်မပြောဖြစ်ပါဘူး။မေမြို့ မန္တလေး အဆင်းလမ်းမကြီးတစ်လျှောက် မောင်းနှင်လာတဲ့ သူတို့ကားလေးထဲမှာတိတ်တိတ်ဆိတ်ဆိတ်ပါပဲ။
"အ ဝေ"ကားမောင်းနေရင်းနဲ့ ဘေးနားကချစ်သူလေးကိုတချက်တချက်ပြုံးကြည့်နေရုံသာ။ဟုတ်တယ်ဒီနေ့နှစ်ဆန်းတစ်ရက်နေ့။ သင်္ကြန်တွင်းအနားယူအပန်းဖြေတဲ့သူတို့ရဲ့အားလပ်ရက်ကလေးက ဒီနေ့နောက်ဆုံးပဲ။"စကားပြောချင်ပြောလို့ရပါတယ် ကိုကိုရာ
ပြုံးပြီးတော့ပဲ ကြည့်မနေပါနဲ့""ကဗျာရေးနေတယ်ဆို"
"ဟာ ရတယ် အပျင်းပြေရေးတာပဲဟာ"