Unicode
၂၀၁၉၊ဧပရယ်
သင်္ကြန်မတိုင်ခင်ရှေ့ရက်တွေဆိုတာ သူတို့အလုပ်အရမ်းကြပ်တဲ့အချိန်တွေ။မနေ့ညက မနက်၁နာရီထိုးမှအလုပ်ပြီးတယ်။အရင်ရက်တွေတုန်းကလည်း မတိမ်းမယိမ်းရယ်
ညဘက်တွေ ၁၂ ၊၁ချက်ဝန်းကျင်မှချည်းပဲ
အလုပ်သိမ်းရတာ။တစ်နေ့ထက်တနေ ပိုပူပြင်းလာတဲ့ မန္တလေးနွေရဲ့နေရောင်ခြည်အောက်မှာ ကုန်တင်ကုန်ချအလုပ်သမားတွေဆိုတာ မူးမေ့လဲတော့မတတ် ပင်ပန်းတယ်။
အလုပ်မှာရှိတဲ့ ဝါတာကိုလာ လေးဆိုတာအေးကိုမအေးနိုင်တော့ဘူး။တစ်ရက်ကိုရေသန့်ဗူးကြီး၃ဗူးလောက်ကုန်တယ်။
သူတို့နှစ်ယောက်က တော်သေးတယ် အရိပ်ထဲမှာပဲအလုပ်လုပ်ရလို့။ဒါပေမဲ့တကယ်ပူလာရင် အရိပ်ထဲမှာလည်းလှောင်အိုက်နေတော့တာပဲ။သစ်ပင်မရှိသလောက်နည်းတဲ့ ဒီရပ်ကွက်ထဲမှာ စက်ရုံခေါင်းတိုင်ကတလူလူထွက်နေတဲ့မီးခိုးတွေ လမ်းမကြီးပေါ်မှာ ဥဒဟိုသွားလာနေတဲ့ ကားကြီးကားငယ်အသွယ်သွယ်ရဲ့ အပူငွေ့တွေကြောင့် အခန်းထဲမှာ တပ်ထားတဲ့မျက်နှာကျက်ကပန်ကာဟာ နွေနေ့လယ်ခင်းရဲ့ အပူချိန်ကိုလျှော့ချပေးဖို့မစွမ်းသာဘူး။
အခန်းငယ်ထဲမှာ အပူငွေ့တွေဟာလည်နေတော့တယ်။ချစ်သူသာ မရှိရင် နွေနေ့လယ်ခင်းတွေကို ကျော်ဖြတ်ဖို့အတော်ခက်ခဲမှာပဲ။
စိုင်းထီးဆိုင်ရဲ့ အညာနွေသီချင်းနဲ့ဂျေမောင်မောင်ရဲ့အသဲကွဲမြို့တော်သီချင်းတွေဟာ ဒီလိုနွေနေ့လယ်ခင်းတွေကြောင့်ပေါ်ပေါက်လာတယ်ထင်ပါရဲ့။ဓာတ်ဆားဗူးလေးကိုင်ပြီး နဖူးကချွေးကိုတစ်ရှုးနဲ့သုတ်နေတဲ့ ချစ်သူကိုကြည့်ပြီး ချစ်ဖြိုးစိတ်မကောင်းတော့ဘူး။
အခုလိုနေ့လယ်ဘက်တွေ အရမ်းပူပြီးချွေးထွက်လွန်တဲ့ရက်တွေဆို ညနေဘက်အလုပ်သိမ်းရင် သူ့ကိုကိုဟာမလှုပ်နိုင်လောက်အောင်ပင်ပန်းနေတတ်တာကြောင့် ဓာတ်ဆားကိုရေအေးအေးလေးနဲ့သူကိုယ်တိုင်ဖျော်ပေးရတယ်။အလုပ်လုပ်ချင်စိတ်ရှိသလောက်အပင်ပန်းမခံနိုင်တဲ့ ကိိုကိုပါလေ။မျက်နှာလေးနွမ်းပြီး အင်္ကျီကိုကျောလယ်လောက်ထိခေါက်တင်ထားသေးတယ်။
ဗိုက်သားဖြူဖြူလေးပေါ်မှာ ချွေးသီးလေးတွေက အောက်ကိုတလိမ့်ချင်းဆင်းလားပြီးမွေးညှင်းစိမ်းလေးတွေရှိတဲ့ဆီးခုံအောက်ထဲကိုစီးဝင်သွားတယ်။"အ ,ဝေ"ကိုကြည့်ပြီးချစ်ဖြိုးတံတွေမြိုချမိတယ်။တဆက်တည်း ဘေဘီကလူတွေကိုကြည့်တော့လည်း ဘယ်သူမှသူ့ကိုကို့ဗိုက်ကိုကြည့်မနေပါဘူး။ပူရတဲ့ကြားထဲ။ဒါပေမဲ့ ချစ်ဖြိုးတို့ကသဝန်တိုတယ်။
အ ဝေ ဘောင်းဘီကြပ်ကြပ်လေးဝတ်တာမျိုးတို့၊အခုလိုလူကြားထဲမှာ ဗိုက်ပေါ်အောင်အင်္ကျီကိုလှန်တာမျိုးတို့ကို ချုပ်ခြယ်တတ်နေပြီ။ရည်စားမထားခင်တုန်းကတော့ ငါသာရည်းစားထားဖြစ်ရင် ငါ့ကောင်လေးဘာပဲဝတ်ဝတ်ဘယ်လိုနေနေ ငါခွင့်ပြုမှာပဲ၊ငါလည်းသူများကောင်လေးတွေကိုကြည့်တာပဲ
ငါ့ကောင်လေးကိုသူများတွေကြည့်လည်း ငါတော့မနှမြောဘူး ခွင့်ပြုမှာပဲလို့ချစ်ဖြိုးတွေးဖူးတယ်။
အခုတကယ်လည်း အရမ်းချစ်ရတဲ့ချစ်သူရှိလာရော ငါဆိုတဲ့အတ္တလေးက ကြွလာရော။
ချစ်ဖြိုးလည်းလူပဲလေ ဘာသားနဲ့ထုထားတာမို့လို့လဲ။ဒါငါ့ကောင်လေး ငါ့ချစ်သူ။ငါကသူ့ရဲ့မူပိုင်ရှင်။သူနဲ့ပတ်သက်ချင်ရင် ငါခွင့်ပြုမှရမယ်ဆိုတာမျိုး။ငါပဲသူ့က်ိုပိုင်ရမယ်ဆိုတာမျိုး။လူတစ်ယောက်က်ိုချစ်လာပြီဆိုရင်အတ္တဆိုတာမျိုးကအနည်းနဲ့အများရှိကြတာချည်းပဲ။ပုထုစဥ်လူသားတွေပဲဟာ ချစ်သူကိုသဝန်တိုတာအပြစ်မဟုတ်သလိုမှားလည်းမမှားပါဘူး။
ဘုရားလောင်းဝေဿန္တရာမင်းကြီးတောင်
သားနဲ့သမီးကိုရိုက်တဲ့ပုဏ္ဏားကိုသံလျက်နဲ့ရွယ်မိလို့ဘုရားဖြစ်မယ့်ဘဝမှာဘုရားမဖြစ်ဘဲနောက်တစ်ဘဝဆုတ်သွားခဲ့ရတယ်မလား။ချစ်ဖြိုးကဘာကောင်မို့လို့လဲ။ကိုကိုနဲ့သာဆိုရင် နောက်တစ်ဘဝမဟုတ်ဘူး သံသရာကိုရှည်ချင်သလောက်ရှည်ဆွဲဆန့်ပစ်လိုက်မှာ။လူတစ်ယောက်ရဲ့သံသရာဘယ်လောက်ရှည်သလဲဆိုရင် ဘုရားတစ်ဆူနဲ့တစ်ဆူကြားမှာ လူတစ်ယောက်(ဘုံသား)ရဲ့အရိုးပုံဟာ၁၃ယူဇာနာမြင့်သတဲ့။ဒါတောင်နတ်ဖြစ်တာနဲ့ဗြဟ္မာဖြစ်တာမပါဘူး။ချစ်ဖြိုးလား? ချစ်သူနဲ့သာဆိုရင်၁၃ယူဇနာမဟုတ်ဘူး ယူဇနာတစ်ထောင်ကျော်ရင်တောင် သံသရာက်ိုပျော်ပျော်ကြီးကျင်လည်ပစ်လိုက်မှာ။
ကာမဘုံသားဆုံလည်းနွာဆိုသလ်ို ဆီဆုံမှာလည်နေတဲ့နွားရဲ့လျှောက်လမ်းလ်ိုသံသရာဟာမဆုံးတော့ပါဘူး။လူတွေနိဗ္ဗာန်က်ိုမလိုချင်တာခန္ဓာရဲ့အကျိုးအပြစ်ကိုမမြင်လို့တဲ့။ဟုတ်တယ် မမြင်ပါဘူး ချစ်ဖြိုးမျက်လုံးထဲမှာကိုကို့ကိုပဲမြင်တယ်။ဘာမှလာမပြောနဲ့
ငှက်ဖြစ်ရင်တောင်တစ်ကိုင်တည်း၊ဆင်ဖြစ်ရင်တောင်တစ်ကျွန်းတည်းနေချင်တာ။အခုနေတစ်ယောက်ယောက်ကများ အစ်ကိုလေး"အ ဝေ"ကိုလီမင်ဟိုနဲ့လဲမလားလို့ချစ်ဖြိုးကိုလာမေးရင် ချစ်ဖြိုးကမေးတဲ့ကောင်က်ိုဓါးနဲ့လိုက်ခုတ်မိမှာ။sensitiveဖြစ်တယ်လို့တော့မပြောနဲ့ အချစ်နဲ့ပတ်သက်လာရင်ချစ်ဖြိုးတို့ကအဲ့လိုကောင်။