Part-11

4.8K 50 0
                                    

  

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

ည၇နာရီခွဲတဲ့အထိအခန်းကိုပြန်မရောက်လာတဲ့ ချစ်ဖြိုးကြောင့် "အ ဝေ"တစ်ယောက် ဂဏာမငြိမ်ဖြစ်ကာတော်တော်စိတ်
ပူနေမိပြီ။ပူမယ်ဆိုလည်းပူစရာပါ ။ခါတိုင်းရက်တွေဆို ချစ်ဖြိုးက၆နာရီလောက်ဆိုပြန်ရောက်လာပြီ ၆နာရီခွဲဆိုတာနောက်အကျဆုံးပဲ။

"ကျစ်..ဒီကလေးလည်းဒီနေ့မှနောက်ကျနေ
နေပြန်ပြီ သွားစရာရှိပါတယ်ဆို
   ဖုန်းဆက်လည်းမကိုင်ဘူး"

ဟုတ်တယ် "အ,ဝေ"ဒီနေ့သွားစရာရှိတယ်။
တခြားတော့မဟုတ်ပါဘူး။ရန်ကုန်ကလာမယ့်ငယ်သူငယ်ချင်းကို ကားကွင်းမှာသွားကြိုပြီးဟိုတယ်လိုက်ပို့ပေးဖို့ပါပဲ။အဲ့ဒါချစ်ဖြိုးပြန်လာမှအတူသွားဖို့ရာ ချစ်သူလေးက
ပေါ်မလာတော့ အခန်းဝကနေလမ်းဘက်ကိုတမျှော်မျှော်နဲ့။ချစ်ဖြိုးလည်းမြန်မြန်ပြန်လာချင်ပါတယ်။ဒါပေမဲ့ မြတ်သူကိုလိုးပြီးတဲ့အချိန်ကိုက ၇ နာရီကျော်နေပြီလေ။အဲ့အချိန်တွေက လမ်းအရမ်းရှုပ်တဲ့အချိန်။ဆိုင်ကယ်ကိုဂရုစိုက်စီးနေရတာကြောင့် အခန်းက်ိုတော်တော်နဲ့ပြန်မရောက်နိုင်ဘူး။ ပြန်ရောက်ရင်လည်း အ ဝေ နဲ့ရင်ဆိုင်ရမှာ ချစ်ဖြိုးကြောက်နေမိတယ်။သူကမရိုးသားတာလုပ်ထားမိပြီကိုး။ည၈နာရီမတ်တင်းသွားပြီ။
အ ဝေ စိတ်အရမ်းပူပြီးချစ်ဖြိုးကိုဖုန်းထပ်ဆက်ဖို့လုပ်နေတုန်းမှာပဲ ကိုယ်တော်ချောကပြန်ရောက်လာတော့တယ်။လမ်းမကြီးပေါ်ကနေ လမ်းသွယ်ထဲကိုချိုးဝင်လာတဲ့ဆိုင်ကယ်လေးကိုမြင်ကတည်းက ချစ်သူဆိုတာ အ ဝေသိတာပေါ့။ကျောပိုးအိတ်ကို ဘယ်ဘက်ပုခုံးတစ်ဖက်တည်းထက်မှာပဲချိတ်လွယ်မယ်။skinnyဘောင်းဘီရှည်နဲ့တီရှပ်ပွပွလေးကိုတွဲဝတ်ထားမယ်။အညိုရောင်ဆံပင်တွေကလေထဲမှာလွင့်နေမယ်။2012 clickဘီးအနီရောင်လေးပေါ်ကနေ ခြေတံရှည်ရှည်စမတ်ကျကျကောင်လေးတစ်ယောက်က လမ်းမှာသူမြင်
သမျှကိုစကားပြောတဲ့မျက်လုံးတွေနဲ့အဓိပ္ပါယ်ပါပါကြည့်မယ်။သူ့ကိုမြင်ရင် အဝေးကြီးကနေပြုံးပြမယ်။စိတ်ပူနေတဲ့အချိန်မှာ မြင်ရတဲ့ချစ်သူ့အပြုံးလောက်ရင်အေးစေတဲ့အရာက ဘယ်မှာရှိတော့လို့လဲ။အ ဝေ လည်းထို့အတူပါပဲ။
ချစ်သူကိုမြင်မှသက်ပြင်းချနိုင်တာပါ။

T.ChitPhyo, B.PaiMoe🔞(Completed)Where stories live. Discover now