Unicode
လမ်းသွယ်ထဲကနေ လမ်းမကြီးပေါ်ကို
ချိုးကွေ့ပျောက်ကွယ်သွားတဲ့ကားလေးက်ို
ချစ်ဖြိုးကြည့်ပြီး သက်ပြင်းလေးချမိလိုက်တယ်။ချစ်သူနဲ့သုံးလေး ရက်လောက်သူခွဲရဦးမယ်။တတ်နိုင်ဘူးလေ ချစ်သူနဲ့သူနဲ့အနေထားက တခြားစုံတွဲတွေလို ပေါ်တင်တွဲလို့အဆင်မပြေတဲ့အနေထားဆိုတော့ ချစ်သူနောက်တကောက်ကောက်လိုက်နေလို့လည်းမရဘူးလေ။ချစ်သူကလည်း အိမ်ခဏပြန်တာပါ။ဟုတ်တယ် တရုတ်နှစ်သစ်ကူးပြီ။"အ ဝေ"မန္တလေးရောက်ပြီကတည်းက
ပထမဆုံးအိမ်ပြန်ခြင်းပဲ။
သူ့ဘဝမှာလည်း အိမ်နဲ့အချိန်အကြာဆုံးခွဲဖူးတာလေ။ပါပါး တို့မာမားတို့ကိုလည်းသူလွမ်းတယ်။တဖက်မှာလည်းချစ်သူလေးနဲ့ခဏခွဲရဦးမယ်။သူနဲ့ချစ်ဖြိုးနဲ့ချစ်သူတွေဖြစ်ပြီးပထမဦးဆုံခွဲရခြင်းလည်းဖြစ်တယ်။
သူကအိမ်ပြန်ရမှာဆိုပေမယ့် ချစ်သူလေးက
တစ်ယောက်တည်းကျန်ခဲ့မှာမလား။
စိတ်တော့မကောင်းဘူး။တတ်နိုင်ဘူးလေ
သုံးလေးရက်ပဲဟာ။ညတုန်းကလည်း ခဏခွဲရဦးမှာကိုကိုရာဆိုပြီးတော့ သူ့ကိုတညလုံးနီးနီးသောင်းကျန်တာပဲ။အ ဝေ ကားမောင်းနေရ င်းနဲ့တောင်အိပ်ချင်လာတယ်။
တော်သေးတယ် သူကော်ဖီလေးတခွက်
လောက်သောက်ထားလို့သာပဲ။
နှစ်သစ်ကူးပိတ်ရက်မှာ"အ ဝေ"လေးအိမ်ပြန်
သွားတော့ ချစ်ဖြိုးလွမ်းလည်းလွမ်းတယ်
အားလည်းကျတယ် ဝမ်းလည်းနည်းတယ်။
အားကျပြီးဝမ်းနည်းတယ်ဆိုတာကဒီလိုပါ။
အ ဝေ မှာပြန်စရာအိမ်ရှိတယ်။နွေးနွေးထွေးထွေးစောင့်ကြိုနေမယ့်မိသားစုရှိတယ်။သူ့မှာတော့ သူ့ရဲ့တစ်ဦးတည်းသောမိသားစုဝင်ဖြစ်တဲ့ သူ့အဖေဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကွယ်လွန်ခဲ့ပြီပဲ။
အဖေတခုသားတခုဘဝမှာ မိသားစုအသိုက်
အမြုံလေးပျက်စီးခဲ့ရတော့ နွေဦးမှာတွန်တဲ့
ဥဩငှက်တွေလို သူ အဖေပျောက်ကိုပဲရှာလိုက်ချင်တော့တယ်။လက်တွေ့ သူတတ်နိုင်တာကတော့ ကိုယ်ပိုင်
မိသားစုအသိုက်မြုံလေးကို သူကိုယ်တိုင်
တည်ဆောက်လိုက်ဖို့ပါပဲ။ဒီလိုဆိုတော့ သူ့စိတ်ကူးထဲပထမဆုံး မြင်ယောင်လာတာက ချစ်သူရဲ့မျက်နှာလေးပါပဲ။ပထမဆုံးကြား
ယောင်လာတာက ချစ်သူရဲ့ရယ်သံလွင်လွင်
လေးပါပဲ။လောကမှာလေ ချစ်သူရဲ့ ရယ်သံလောက် အဘယ်နတ်ဘုရားရဲ့ဂီတသံ
ကသာယာနိုင်မှာလဲ။သူ့နားထဲမှာ ချစ်သူအသံဟာ ကြားဖူးသမျှထဲမှာ အသာယာဆုံးပဲ။နောက်လည်းဒီထက်သာယာတဲ့အသံ
မျိုးသူကြားရမှာမဟုတ်တော့ဘူး။
သူက တစ်ကောင်ကြွက်မလို့ ဘဝနဲ့ပက်သက်လာရင် တခြားလူငယ်တွေ ထက်အများကြီး
အလေးနက်ထားတွေးပါတယ်။
ဘဝကို သူကတစ်ယောက်တည်းကျော်ဖြတ်ရမယ့်ကောင်မလား။
ချစ်သူဆ်ိုတာ သူ့အနားမှာအမြဲအတူရှိနေန်ိုင်ပါ့မလား။ကံကြမ္မာမျက်နှာသာပေးတဲ့အချိန်
မှာအတူနေခွင့်ရနေပေမယ့် ကံတရားဆိုတာကြိုမြင်နိုင်တာမှတ်လို့လေ။
ဖြစ်နိုင်ရင်တော့ ဘဝရဲ့အချိုးအကွေ့တိုင်းကို
ချစ်သူနဲ့အတူရင်ဆိုင်လိုက်ချင်တာပေါ့။
တာရာမင်းဝေရေးခဲ့သလို ဘဝကိုချစ်ရသူတစ်ယောက်နဲ့သာရင်ဆိုင်ဖောက်ထွက်ရမယ်ဆိုအောင်မြင်မှုတံခါးအချပ်ချပ်လည်း ဖျက်ခနဲပွင့်ကုန်ကြမှာပဲ။ ချစ်သူသာသူ့အနားမှာအမြဲရှိ ရင် သူ့ရဲ့အနာဂတ်နေ့ ရက်တွေဟာ
စိန်စီသောနေ့ ရက်တွေပဲဖြစ်မှာပါ။
အိပ်မက်တွေလည်းသူအကြီးကြီးမမက်သလို
စံပြလူသားတစ်ယောက်ဖြစ်ဖို့လည်းသူ
မကြိုးစားပါဘူး။
ဘဝမှာ ချစ်သူရယ်
ဝါသနာပါတဲ့ ရပ်ဝန်းလေးတခုရယ်
သာမန်ထက်နည်နည်းလေးမြင့်တဲ့
လူနေမှုအဆင့်တန်းလေးတခုရယ် ဒါပါပဲ။
သူလိုချင်တာဒီလောက်ပါပဲ။
ချစ်သူကိုဒီလောက်တော့ သူထားနိုင်ပါတယ်။
မမွေးလာသေးတဲ့ နောင်အနာဂတ်မျ်ိုးဆက်
အတွက်ပါအလုပ်လုပ်တတ်တဲ့ ချစ်သူတို့
လူမျိုးနဲ့တော့သူ့ခံယူချက်ကမတူဘူးပေါ့။
စဥ်းစားရင်းသူပြုံးမ်ိတယ်။
အလုပ်ကြိုးစားတတ်တဲ့ ချစ်သူကရော
gayတစ်ယောက်ဖြစ်ပါလျက် ဘယ်မျိုးဆက်
အတွက်များအလုပ်လုပ်ပါလိမ့်ပေါ့။
အနာဂတ်အတွက်ပေါ့လို့ချစ်သူကဖြေမှာပါ။
ချစ်သူရဲ့အနာဂတ်မှာရော သူပါဝင်ခွင့်ရှိပါ့မလား။
~~~~~~~~~~~~~~~~~~~~~~~~~~
နေ့လယ်စာစားဖို့ နေပြည်တော်က စားသောက်ဆိုင်တစ်ခုမှာ အ ဝေ ဝင်နားလိုက်တယ်။ဆိုင်ထဲဝင်ထိုင်ပြီးသူ့ဖုန်းလေးကိုဖွင့်ဖွင့်ချင်းမှာပဲ ချစ်သူကစာပို့ထားတာကိုသူ
တွေ့လိုက်တယ်။