Part-3

6.1K 69 0
                                    

Unicode

"ဟျောင့် ချစ်ဖြိုး ညနေကျငါ့ကိုBeerတိုက်
မင်းအတွက်သတင်းကောင်းတခုပြောစရာ
ရှိတယ်"

"ကိုအောင်ကြီးကလည်းလုပ်ပြီ
ဒီလူဒီလူနဲ့ပဲ သတင်းကောင်းမပါလည်း
ကျနော်တိုက်နိုင်ပါတယ်ဗျာ
ခင်ဗျားသာအားလူဖုတ်တာလျှော့"

အောင်ကြီးဆိုတာ ချစ်ဖြိုးတို့အလုပ်က ကားသမားတစ်ယောက်။သဘောကောင်းတယ်
အားနည်းချက်က သောက်ရမ်းစကားများလွန်းတာပဲ။ ပြီးတော့ ခြေဆော့လက်ဆော့နဲ့။ခြေဆော့လက်ဆော့ဆိုတာ ခိုးတာကိုပြောတာမဟုတ်ဘူး။သူများပစ္စည်းတွေ ကြိုက်မှန်းမသိမကြိုက်မှန်း အကုန်လျှောက်ကိုင်တတ်လို့ပဲ။ဖုန်းတွေဘာတွေဆို လည်းသူရှေ့ချထားလို့က အကုန်လျှောက်ကြည့်တော့တာ။ချစ်ဖြိုးမကြိုက်ဆုံးက ဘီယာသုံးခွက်လောက်ကို ဆိုင်ပိတ်တဲ့ထိထိုင်သောက်ပြီး လေပေါတာကိုပဲ။ပြောတဲ့စကားတွေကလည်းတခါလာလည်း ဒါ တခါလာလည်းဒါဆိုတော့ချစ်ဖြိုးသူနဲ့ဘီယာသောက်ရမှာစိတ်ပျက်တယ်။အဲဒါကြောင့် ခင်ဗျားသာ စကားမများနဲ့လိုက်တိုက်မယ်လို တခါတည်းကြိုပြောထားတာ။

"ငါလခွေးတဲ့ ငါဖာသာလည်းဝယ်သောက်နိုင်ပါတယ် အခုဟာ မင်းကိုပြောချင်တဲ့စကားရှိလို့ ငါအတည်ပြောတာ"

"ဟင် တကယ် ကျနော့်အတွက်သတင်းကောင်း အကိုနဲ့ကျနော့်ကြား
ဘာသတင်းပြောစရာရှိမှာမို့လဲ🤔"

"ဟာ ဟျောင့် နေတော့ နေတော့
မပြောတော့ဘူး လီးပဲ မယုံလည်း"

"ဟားးအကိုကလည်းစတာပါဗျာ
အကိုပြောစရာမရှိလည်း ဘီယာဆိုင်ထိုင်မှာပဲဟာ ပြောစရာရှ်ိတယ်ဆိုတော့လည်း
နားထောင်ပါ့မယ်ဗျာ ကျနော်ပဲဒကာခံမယ်
ဟုတ်ပြီလား"

"အေး ပြီးရောကွာ သွားရအောင်
ငါဘီယာဆာလှပြီ"

ဘီယာဆိုင်ရောက်တော့ အမြည်းတွေမရောက်ခင် တခွက်အစီအရင်မှာပြီးသောက်ကြတယ်။အောင်ကြီးက ဘီယာခွက်တဝက်လောက်ကုန်အောင်သောက်ပြီး ချစ်ဖြိုးနားတိုးတိုးကပ်ပြီးပြောလိုက်တဲ့စကားကြောင့်
ချစ်ဖြိုးဘီယာတွေတောင် သီးသွားရတယ်။

"ဟျောင့် မင့်သူဌေးလေးကအခြောက်ထင်
တယ်"

" ခွီးးးဖွီးးးဖလူးးးးအဟက် အဟက်"

T.ChitPhyo, B.PaiMoe🔞(Completed)Donde viven las historias. Descúbrelo ahora