အစည်းအဝေးပြီးလို့ ရုံးခန်းကို ပြန်ရောက်
ရောက်ချင်း ဝေါခနဲရွာချလာတဲ့မိုးကြောင့်
သူအနည်းငယ်အံ့သြသွားသည်။
လောကကိုခြိမ်းခြောက်သော ပူစပ်လောင်အိုက်မှုများငြိမ်းပြီး၊ အေးမြသောမိုးပုလဲများ ခုန်ဆင်းလာတာမို့ သူ့စိတ်ထဲအတော်လေးကောင်းတယ်ဟု ခံစားမိပြန်သည်။ဒီတစ်ခါတော့ အအေးက အပူကိုနိုင်သွားပြီးဆိုတဲ့သဘောပေ။ဆိုဖာပေါ် ခြေချိတ်ထိုင်ရင်းစားပွဲပေါ် တင်ထားတဲ့ ဆေးလိပ်ဘူးထဲက
တစ်လိပ်ကိုထုတ်ယူကာ မီးညှိလိုက်ပြီး
မှန်အပြင်က ခမ်းနားထည်ဝါသော အဆောက်အအုံတွေကို သူခဏငေးကြည့်နေမိသည်။ ဆေးလိပ်ငွေ့ တစ်ချက်နှစ်ချက်ဖွာထုတ်လို့အပြီးမှာတော့အင်္ကျီအိတ်ထဲက ဖုန်းကထမြည်လာသည်။ကြည့်လိုက်တော့ သူနဲ့စိမ်းမနေတဲ့နံပါတ်တစ်ခုဖြစ်တာမို့ မျက်ခုံးနှစ်ဖက်ကအလိုလို တွန့်ကျိုးသွားရသည်။မကိုင်ပဲ စားပွဲပေါ် တင်ထားတဲ့ဖုန်းကမရပ်မနား ထပ်ခါတလဲလဲဝင်လာသည်။
တစ်ဖက်လူသည် သူမကိုင်မချင်း ဆက်တိုက်ခေါ် မည့်ပုံပေ။ စိတ်မရှည်တော့တဲ့အဆုံးမှာ စုပ်တစ်ချက်သတ်လိုက်ပြီး ဖုန်းကိုဆက်ခနဲ လှမ်းယူကာပါဝါပိတ်ပြစ်လိုက်တော့သည်။ဖုန်းခေါ် လာသူက အခြားလူမဟုတ်ပေ။ပြီးခဲ့တဲ့နှစ်လတုန်းက သူနဲ့လက်ထပ်ထားတဲ့ မိန်းကလေးဖြစ်သည်။ လက်ထပ်ပွဲဖြစ်လာရတဲ့အကြောင်းအရင်းကသူမရဲ့ပယောဂ မကင်းတာကြောင့် သူအတော်လေး စိတ်ပျက်မိပါသည်။ဒါကြောင့်လည်း သူမကို သူ့ဇနီးတစ်ယောက်လိုသဘောမထားနိုင်ခဲ့တာဖြစ်မည်။
"ဒေါက်~~~ဒေါက်~~~"
ရုံးခန်းတံခါးခေါက်သံနဲ့အတူ ဝင်လာတဲ့လူကိုဝမ်ရိပေါ် လှည့်ကြည့်လိုက်သည်။အိမ်တော်ထိန်းလျန်မှန်းသိတော့ အပြင်ဘက်ကို သူမျက်နှာပြန်လှည့်ပြီး ဆေးလိပ်ပြန်သောက်နေလိုက်သည်။
ကောင်းကင်ဝေဟင်နှင့်မြေပြင်ကို တစ်ဆက်တည်းသွယ်တန်းပေးနေတဲ့
မိုးစက်မိုးပေါက်တို့က အားကောင်းနေ
သေးသည်။ပတ်ဝန်းကျင်ကတဖြည်းဖြည်းမည်းမှောင်လာပြီး အဆောက်အအုံတိုင်းမှာလည်း မီးအလင်းရောင်တွေကို မြင်နေရသည်။
YOU ARE READING
Piano Cafe | Completed | ✔✔
FanfictionPiano Cafeဆိုင်လေးရဲ့ ပိုင်ရှင်က စန္ဒယားတီးသူဆိုရင် စန္ဒယားပိုင်ရှင်က ဘယ်သူလဲ? Piano Cafeဆိုင်လေးရဲ့ ပိုင်ရှင်က စန္ဒယားတီးသူဆိုရင် စန္ဒယားပိုင်ရှင်က ဘယ်သူလဲ? Seme -Wang Yi Bo Uke -Xiao Zhan BJYXSZD Written by___Baby Doll Lar Hel Start date( 31.3.2022...