Zawgyiညတုန်းက မိုးရွာထားလို့လားမသိ၊
ဒီနေ့မနက်ခင်းရဲ့နေရောင်ခြည်က ခါတိုင်း
ထက်ပိုတောက်ပနေသည်။မိုးရေလုံလုံလောက်လောက် သောက်ခွင့်ရလိုက်တဲ့
အပင်မှန်သမျှသည်လည်း စိမ်းစိုလန်းဆန်းကာ အားအင်အပြည့်နဲ့ ဂုဏ်ယူဝင့်ကြွားနေကြသည်။ ပေကျင်းမြို့ရဲ့နံနက်ခင်းအလှသည်ပန်းချီကျော်တို့ လက်မှိုင်ချရအောင်
လှပဆန်းကျယ်နေသည်။နေမင်းကြီး၏
ရွှေရောင်နေခြည်များထွေးပွေ့ထားသော
မြို့ပြနံနက်ခင်းသည် ခေတ်မီတိုးတက်သောအခင်းအကျင်းများနှင့်ထည်ဝါသော လူမှုအဆင့်အတန်းများကိုတင့်တင့်တယ်တယ်မြင်ရကာ လှပမှု၊ အေးမြမှု၊ငြိမ်းချမ်းမှုများနှင့် ကျက်သရေမင်္ဂလာရှိနေတော့သည်။တစ်ကြိမ်သာတွေ့ရသေးသည် ၊
တစ်ဘဝစာရူးသွပ်နေပြီး။ ညတုန်းက
တစ်ညလုံး ကောင်လေးနဲ့စကားပြောလိုက်ရတော့ အရင်တုန်းက သိခဲ့ကြတဲ့လူတွေလို
ဝမ်ရိပေါ် ခံစားနေရသည်။ကုမ္ပဏီကိုပြန်ရောက်တော့ သူ့မှာ တစ်ချိန်လုံးပြုံးနေလို့ အနားမှာ တစ်ချိန်လုံးရှိနေတဲ့
အိမ်တော်ထိန်းလျန်မှက ညတုန်းက သူ့သခင်လေးဘယ်ကိုရောက်သွားသလဲဆိုတာကို သိချင်သွားသည်။ ဒါပေမဲ့ သူဘယ်လိုစုံစမ်းရမလဲ။ နှစ်အများကြီး မရယ်မပြုံးတဲ့လူတစ်ယောက်က ရုတ်တရက် ခဏခဏပြုံးလာတယ်ဆိုရင်အဲ့ဒါ ဘာကြောင့်လဲ။အိမ်ကိုအဘိုးရောက်တယ်ဆိုလို့
မနက် 11နာရီကျော်ကျော်လောက်မှာ
ဝမ်ရိပေါ် ပြန်ရောက်လာသည်။ရုတ်တရက်အိမ်ကို အဘိုးရောက်လာခြင်းသည်ညတုန်းက သူအိမ်ပြန်မအိပ်တဲ့ကိစ္စနဲ့ပက်သက်ပြီး ယန်မိန်မိန်ဖုန်းဆက်တိုင်လိုက်တာကြောင့်ဖြစ်နိုင်သည်။သူမက ဘာပြသနာ ဖြစ်စေချင်ပြန်ပြီးလဲ။သူနဲ့လက်ထပ်လိုက်ရတာနဲ့တင်မလုံလောက်သေးတာများလား။ဧည့်ခန်းမှာထိုင်စောင့်နေတဲ့အဘိုးက
သူ့ကိုမြင်တော့ မကြည်မျက်ဝန်းတစ်စုံကိုပြသလာသည်။ဆိုဖာကိုမှီကာ လက်ပိုက်ထားပြီး ခြေချိတ်လျက် အဘိုးကဇိမ်မပျက်ရှိနေသည်။ သူ့ကို ထိုင်ဖို့ မျက်လုံးနဲ့အချက်ပြလာတော့ အေးဆေးတည်ငြိမ်စွာပဲ ဝမ်ရိပေါ် ဝင်ထိုင်လိုက်သည်။
YOU ARE READING
Piano Cafe | Completed | ✔✔
FanfictionPiano Cafeဆိုင်လေးရဲ့ ပိုင်ရှင်က စန္ဒယားတီးသူဆိုရင် စန္ဒယားပိုင်ရှင်က ဘယ်သူလဲ? Piano Cafeဆိုင်လေးရဲ့ ပိုင်ရှင်က စန္ဒယားတီးသူဆိုရင် စန္ဒယားပိုင်ရှင်က ဘယ်သူလဲ? Seme -Wang Yi Bo Uke -Xiao Zhan BJYXSZD Written by___Baby Doll Lar Hel Start date( 31.3.2022...