မနက်နိုးနိုးလာချင်း ယန်မိန်မိန်စိတ်အခြေအနေ တော်တော်လေး
ကောင်းနေသည်။လက်ထပ်ခဲ့တဲ့
နှစ်လအတွင်းမှာ ဒီမနက်ခင်းလေး
ကအတော်လေးပြီးပြည့်စုံတယ်လို့
သူမစိတ်ထဲခံစားမိသည်။လက်တော့ပ်တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ဝမ်ရိပေါ် က သူမနိုးလာတာ သိပုံမပေါ် ပေ။ ထိုအခြေအနေကို အခွင့်အရေး ယူပြီးခန့်ညားသော ထိုလူသားကို အချိန်တော်တော်ကြာယန်မိန်မိန်ငေးကြည့်နေမိသည်။ မနက်ခင်းတိုင်းကိုသူမဒီလိုဖြစ်စေချင်ခဲ့သည်။ ဒါပေမဲ့အေးစက်သော ထိုလူသားသည် သူမကိုဘယ်တုန်းကမှ အခွင့်အရေးမပေးခဲ့ပေ။အထက်တန်းတုန်းက မာနကြီးသော ဝမ်ရိပေါ် သည် ကျောင်းသူလေးတွေရဲ့ နတ်ဘုရားတစ်ပါးဖြစ်ခဲ့သည်။ စာလည်းတော်တာမို့ ကျောင်းသူတွေက ပုံံစံမျိုးစုံနဲ့ သူအနားသို့ချဥ်းကပ်လာတတ်သည်။ ဝမ်ရိပေါ် သိသော်လည်းအရေးလုပ်မနေပေ။ သူမကျတော့ထိုကျောင်းသူတွေထက် ပိုကံကောင်းတယ်ပြောရမည်။အဘိုးဝမ်နဲ့အဘိုးယန်ကငယ်သူငယ်ချင်းတွေဖြစ်ခဲ့ကြတာကြောင့်အထက်တန်းပထမနှစ်ကစပြီး ဝမ်ရိပေါ် နဲ့ သူမခင်မင်ရင်းနှီးခွင့်ရခဲ့သည်။ အဲ့အချိန်တုန်းက ဝမ်ရိပေါ် သည် မာနကြီးပေမယ့်သူမကိုတော့ အမြဲလိုလိုစကားပြန်ပြောလေ့ရှိပြီးသူ့အပြုံးတွေကိုလည်း ရံဖန်ရံခါပြသလာတတ်သည်။
ဒါပေမဲ့ သူအထက်တန်းနောက်ဆုံးနှစ်မှာ
ကားအက်စီးတန်းကြောင့် မိဘတွေ
သေဆုံးသွားတော့ နဂိုမာနကြီးသော
ဝမ်ရိပေါ် သည် အရင်ကထက်
ပိုပြီးအေးစက်သွားသည်။ ရံဖန်ရံခါမြင်ရလေ့ရှိသောအပြုံးကလည်း ထိုအချိန်မှစ
ယခုအချိန်ထိ လုံးဝမမြင်ရတော့ပေ။သူဝါသနာပါတဲ့ စန္ဒရားတီးခြင်းကိုလည်း
လုံးဝစွန့်လွတ်လိုက်တော့သည်။အရင်က ဝမ်အိမ်တော်မှာ စန္ဒရားတစ်ခုရှိသည်။ဒါ
ကြောင့် ဝမ်ရိပေါ် စန္ဒရားတီးနေတဲ့အချိန်တိုင်းလိုလိုမှာယန်မိန်မိန်ကြားခွင့်ရခဲ့သည်။နောက်ပိုင်းတော့ ထိုစန္ဒရားကို ထပ်မမြင်ရတော့သလိုကြားခွင့်လည်းမရတော့ပေ။"မင်းနိုးနေပြီးပဲ"
ဝမ်ရိပေါ် အသံကြောင့် အတိတ်ကာလကနေမျက်မှောက်ကာလသို့ ယန်မိန်မိန်ပြန်
လည်ရောက်ရှိလာသည်။ ကုတင်ပေါ် ကနေ သူမငေါက်ခနဲ ထထိုင်လိုက်ပြီး
CZYTASZ
Piano Cafe | Completed | ✔✔
FanfictionPiano Cafeဆိုင်လေးရဲ့ ပိုင်ရှင်က စန္ဒယားတီးသူဆိုရင် စန္ဒယားပိုင်ရှင်က ဘယ်သူလဲ? Piano Cafeဆိုင်လေးရဲ့ ပိုင်ရှင်က စန္ဒယားတီးသူဆိုရင် စန္ဒယားပိုင်ရှင်က ဘယ်သူလဲ? Seme -Wang Yi Bo Uke -Xiao Zhan BJYXSZD Written by___Baby Doll Lar Hel Start date( 31.3.2022...