2.Piano Cafe (uni)

488 70 1
                                    


Unicode

ညတုန်းက မိုးရွာထားလို့လားမသိ၊
ဒီနေ့မနက်ခင်းရဲ့နေရောင်ခြည်က ခါတိုင်း
ထက်ပိုတောက်ပနေသည်။မိုးရေလုံလုံလောက်လောက် သောက်ခွင့်ရလိုက်တဲ့
အပင်မှန်သမျှသည်လည်း စိမ်းစိုလန်းဆန်းကာ အားအင်အပြည့်နဲ့ ဂုဏ်ယူဝင့်ကြွားနေကြသည်။ ပေကျင်းမြို့ရဲ့နံနက်ခင်းအလှသည်ပန်းချီကျော်တို့ လက်မှိုင်ချရအောင်
လှပဆန်းကျယ်နေသည်။နေမင်းကြီး၏
ရွှေရောင်နေခြည်များထွေးပွေ့ထားသော
မြို့ပြနံနက်ခင်းသည် ခေတ်မီတိုးတက်သောအခင်းအကျင်းများနှင့်ထည်ဝါသော လူမှုအဆင့်အတန်းများကိုတင့်တင့်တယ်တယ်မြင်ရကာ လှပမှု၊ အေးမြမှု၊ငြိမ်းချမ်းမှုများနှင့် ကျက်သရေမင်္ဂလာရှိနေတော့သည်။

တစ်ကြိမ်သာတွေ့ရသေးသည် ၊
တစ်ဘဝစာရူးသွပ်နေပြီး။ ညတုန်းက
တစ်ညလုံး ကောင်လေးနဲ့စကားပြောလိုက်ရတော့ အရင်တုန်းက သိခဲ့ကြတဲ့လူတွေလို
ဝမ်ရိပေါ် ခံစားနေရသည်။

ကုမ္ပဏီကိုပြန်ရောက်တော့ သူ့မှာ တစ်ချိန်လုံးပြုံးနေလို့ အနားမှာ တစ်ချိန်လုံးရှိနေတဲ့
အိမ်တော်ထိန်းလျန်မှက ညတုန်းက သူ့သခင်လေးဘယ်ကိုရောက်သွားသလဲဆိုတာကို သိချင်သွားသည်။ ဒါပေမဲ့ သူဘယ်လိုစုံစမ်းရမလဲ။ နှစ်အများကြီး မရယ်မပြုံးတဲ့လူတစ်ယောက်က ရုတ်တရက် ခဏခဏပြုံးလာတယ်ဆိုရင်အဲ့ဒါ ဘာကြောင့်လဲ။

အိမ်ကိုအဘိုးရောက်တယ်ဆိုလို့
မနက် 11နာရီကျော်ကျော်လောက်မှာ
ဝမ်ရိပေါ် ပြန်ရောက်လာသည်။ရုတ်တရက်အိမ်ကို အဘိုးရောက်လာခြင်းသည်ညတုန်းက သူအိမ်ပြန်မအိပ်တဲ့ကိစ္စနဲ့ပက်သက်ပြီး ယန်မိန်မိန်ဖုန်းဆက်တိုင်လိုက်တာကြောင့်ဖြစ်နိုင်သည်။သူမက ဘာပြသနာ ဖြစ်စေချင်ပြန်ပြီးလဲ။သူနဲ့လက်ထပ်လိုက်ရတာနဲ့တင်မလုံလောက်သေးတာများလား။

ဧည့်ခန်းမှာထိုင်စောင့်နေတဲ့အဘိုးက
သူ့ကိုမြင်တော့ မကြည်မျက်ဝန်းတစ်စုံကိုပြသလာသည်။ဆိုဖာကိုမှီကာ လက်ပိုက်ထားပြီး ခြေချိတ်လျက် အဘိုးကဇိမ်မပျက်ရှိနေသည်။ သူ့ကို ထိုင်ဖို့ မျက်လုံးနဲ့အချက်ပြလာတော့ အေးဆေးတည်ငြိမ်စွာပဲ ဝမ်ရိပေါ် ဝင်ထိုင်လိုက်သည်။

 Piano Cafe | Completed | ✔✔Tahanan ng mga kuwento. Tumuklas ngayon