5. Piano Cafe (uni)

372 62 4
                                    

"တီးတောင်~~~တီးတောင်~~~"

မနက်အစောကြီး တံခါးဘဲလ်တီးသံကြောင့် ဝမ်ရိပေါ် ပြန်လာတယ်ဟုထင်ကာ
ရေချိုးခန်းထဲသို့ ယန်မိန်မိန် ကသောကမျော ပြေးဝင်သွားလေသည်။ သူတစ်ညလုံး အိမ်မပြန်လာတဲ့ကိစ္စနဲ့ပက်သက်ပြီး စိတ်ဆိုးမိပေမယ့် သူမ
မျိုသိပ်ထားဖို့ဆုံးဖြတ်လိုက်သည်။မျက်နှာသစ်ပြီးလို့ ပြန်ထွက်လာတဲ့
ယန်မိန်မိန်သည် အခန်းထဲမှာ ဝမ်ရိပေါ် ကိုမမြင်တော့ အနည်းငယ် မျက်မှောင်ကြုတ်သွားရသည်။

"ဝမ်ရိပေါ် ပြန်ရောက်လာတာမဟုတ်ဘူးလား"

တစ်ကိုယ်တည်း ယန်မိန်မိန် ရေရွတ်လိုက်သည်။ မို့အစ်နေတဲ့မျက်လုံးတွေကို
ဝမ်ရိပေါ် ကိုမမြင်စေချင်တာမို့ ဗီဒိုထဲက
အလှမျက်မှန်တစ်လှည့် ကောက်တပ်ပြီး
အောက်ထပ်ကို သူမ ဆင်းလာခဲ့
သည်။

"မား"

"ရှောင်မိန် သမီး"

"မားက ဘယ်လိုလုပ်ပြီး ဒီကိုအစောကြီးရောက်လာတာလဲ"

ယန်မိန်မိန်မေးလည်းမေး မိခင်ဖြစ်သူဆီသို့အမြန်ပြေးသွားလိုက်သည်။ယန်ကတော်သည် ဘေးနားက အဒေါ် ကြီးကိုတစ်ချက်လှည့်ကြည့်ပြီး

"အဒေါ် ကြီး ကျွန်မအတွက် လက်ဖက်ရည်တစ်ခွက်လုပ်ပေးပါအုံး"

အဒေါ် ကြီးက ခေါင်းငြိမ့်ပြပြီး
လှည့်ထွက်သွားသည်။ယန်ကတော်သည်
သမီးဖြစ်သူရဲ့လက်ကိုဆွဲပြီး တိုးတိုးတိတ်တိတ် ပြောလာသည်။

"သမီးယောကျာ်းကိစ္စနဲ့ မား လာခဲ့တာ"

"ရိပေါ် လား သူဘာဖြစ်လို့လဲ"

"မားဆရာကောင်းတစ်ယောက်နဲ့တွေ့လာခဲ့တယ်။ သမီးယောကျာ်းနားမှာ ဝိညာဥ်တစ်ကောင်လိုက်ကပ်နေတယ်တဲ့"

"မား"

ယန်မိန်မိန်အသံသည် ခါတိုင်းထက်ပိုကျယ်သွားသည်။ သူမသည် ဝမ်ရိပေါ် ကို
ချစ်တဲ့သူမို့ ဘယ်သူတစ်ဦးတစ်ယောက်
ရဲ့အပြစ်တင်ခြင်း ၊ စော်ကားခြင်းတို့ကိုမှ
လက်မခံနိုင်ပေ။ သူမရဲ့မိခင်အရင်းဖြစ်နေရင်တောင်မှပေါ့။

"ရှောင်မိန် မားပြောတာ သေချာနားထောင်
သမီးတို့ လင်မယားအရာမမြှောက်သေးဘူးမလား"

 Piano Cafe | Completed | ✔✔Hikayelerin yaşadığı yer. Şimdi keşfedin