အခုဆို ကိုယ်တို့သိလာတာ တစ်လတောင်
ကျော်နေပြီးနော။ကိုယ်တို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကပုံပြင်ဆန်တယ်ပြောရမလား။
နားထဲကိုတိုးဝင်လာတဲ့စန္ဒယားသံအေးအေးလေးကြောင့် ကားပေါ် ကနေ ဆင်းချင်တဲ့စိတ်ကို လုံးဝမထိန်းချုပ်နိုင်ခဲ့ဘူး။ နောက်တော့စန္ဒယားသံလာရာအတိုင်း လိုက်ရှာရင်းကလေးရဲ့ဆိုင်လေးကိုကိုယ်မမျှော်လင့်ပဲရောက်လာခဲ့တယ်။အဖြူရောင်ရှပ်လက်ရှည်နဲ့ဘောင်းဘီရှည်အဖြူဝတ်ထားတဲ့စန္ဒယားတီးနေတဲ့ကလေးကိုရုတ်တရက် မြင်လိုက်ရတော့ ကိုယ့်နှလုံးသားလေး လှိုင်းထန်သွားခဲ့ရတယ်။ကော်ဖီခါးခါးကြိုက်တဲ့ကိုယ်က မင်းဖျော်ပေးတဲ့ကော်ဖီကို သောက်မိသွားချိန်မှာတော့ ဘယ်ဆိုင် ၊ဘယ်နေရာက ကော်ဖီကိုမှ စိတ်မဝင်စားတော့ဘူး။
မင်းရဲ့အပြုံးလေးတွေနဲ့ဖျော်ပေးတဲ့
ကော်ဖီတွေကို သောက်တိုင်း တစ်ဘဝစာလုံးပိုင်ဆိုင်ချင်စိတ် အမြဲ
ပေါ် လာတတ်တယ်ဆိုရင်ရော မင်းလေး
ယုံမလား။မင်းလေးက ပြုစားနိုင်လွန်းတယ်။ ပထမဦးဆုံး သာယာနာပျော်ဖွယ် ကောင်းသော
စန္ဒယားသံအေးအေးလေးနဲ့ စိတ်ကိုညို့ပြီး
မင်းရဲ့အလှနဲ့ထပ်မံပြုစားပြန်တယ်။ဒါတွေမကသေးပဲ တစ်သက်လုံးမမေ့နိုင်တဲ့
ကော်ဖီအရသာနဲ့ တစ်လွှာထပ်တိုး ပြုစားပြန်ရော ကလေးရယ်။ဆေးလိပ်ကို မီးညှိရင်း သူ့အတွက် ကော်ဖီဖျော်ပေးနေတဲ့ ကောင်လေးကို ဝမ်ရိပေါ်
ငေးကြည့်နေမိသည်။ ကော်ဖီတစ်ခွက်ရဲ့
တန်ဖိုးက ဘယ်လောက်ရှိသလဲ သူစိတ်မဝင်စားပေ။ တကယ်လို့ ပေးရမယ်ဆို
သူ့ကိုယ်သူသာ ပေးလိုက်မည်။ အပြုံးချိုချိုလေးတွေနဲ့ ကော်ဖီဖျော်နေတဲ့ကောင်လေးက သူ့ဘက်လှည့်ကြည့်လာပြီး မျက်စိမှိတ်ကျီစယ်သွားတော့ မျက်ခုံးနှစ်ဖက်ပင့်သွားရသူက ဝမ်ရိပေါ် ပေ။"ဟေး ကော်ဖီသောက်ချင်လား"
ကောင်လေးအမေးကြောင့် သူသဘောကျစွာပြုံးလိုက်ပြီး
"သောက်လို့ရလား"
"စည်ကမ်းတစ်ခုရှိတယ်၊
ကော်ဖီမသောက်ခင် လက်မှတ်ထိုးရမယ်"

YOU ARE READING
Piano Cafe | Completed | ✔✔
FanfictionPiano Cafeဆိုင်လေးရဲ့ ပိုင်ရှင်က စန္ဒယားတီးသူဆိုရင် စန္ဒယားပိုင်ရှင်က ဘယ်သူလဲ? Piano Cafeဆိုင်လေးရဲ့ ပိုင်ရှင်က စန္ဒယားတီးသူဆိုရင် စန္ဒယားပိုင်ရှင်က ဘယ်သူလဲ? Seme -Wang Yi Bo Uke -Xiao Zhan BJYXSZD Written by___Baby Doll Lar Hel Start date( 31.3.2022...