6. Piano Cafe (uni)

385 55 6
                                    

ခြံထဲကိုဝင်လာတဲ့ ကားတစ်စီးကြောင့်
အိမ်ထဲကနေအဒေါ် ကြီးပြေးထွက်လာခဲ့သည်။ကားပေါ် ကနေဆင်းလာတဲ့
ဝမ်ရိပေါ် နားသူလျှောက်သွားပြီး
လက်တော့ပ်ကိုလှမ်းယူရင်း

"သခင်လေး အစောကြီးပြန်ရောက်လာတယ်"

"သူရှိလား"

"မမလေးယန်က အပြင်ကိုထွက်သွားပါတယ်သခင်လေး"

"အပြင်ကိုထွက်သွားတယ်?"

"ဟုတ်ပါတယ် သခင်လေး"

အဒေါ် ကြီးစကားကို သံယောင်လိုက်ရင်း
ဝမ်ရိပေါ် မေးမိသည်။ ယန်မိန်မိန်သည်
လွန်ခဲ့သော နှစ်နှစ်လောက်ကတည်းက
ဘုရင်ကလပ်နဲ့သိပ်မဝေးတဲ့နေရာကောင်း
တစ်ခုမှာသူငယ်ချင်းနဲ့အတူ ကိတ်မုန့်ဆိုင်ဖွင့်ထားသည်။ ဒါပေမဲ့ ဒီတစ်လ ၊ နှစ်လအတွင်းမှာ ဆိုင်ကို သူမ မရောက်ဖြစ်ခဲ့ပေ။အဒေါ် ကြီးရဲ့ပြောပြချက်အရ
ဒီရက်တွေမှာ သူမအတော်လေးငြိမ်နေပြီး အိမ်အပြင်ထွက်ခဲတယ်လို့ သိထားတာကြောင့် ဝမ်ရိပေါ် စိတ်ထဲ အနည်းငယ်ထူးဆန်းသွားရသည်။

" မနက်တုန်းက ယန်ကတော်ရောက်လာပြီးသားအမိနှစ်ယောက် အတူတူထွက်သွားတာပဲ"

ဝမ်ရိပေါ် မျက်ခုံးနှစ်ဖက် အသာပင့်တက်သွားပြီး အဒေါ် ကြီးကိုထပ်မေးလိုက်သည်။

"ဒီရက်ပိုင်း တစ်ခုခု သတိထားမိတာရှိလား"

"ဟို ပြီးခဲ့တဲ့ရက်တုန်းကလည်း ယန်ကတော်ရောက်လာသေးတယ် သခင်လေး။သားအမိနှစ်ယောက် တိုးတိုကြိတ်ကြိတ်ပြောနေကြတာကိုမြင်တော့
ကျွန်မလည်းခြံထဲဆင်းဟန်ဆောင်ပြီး
သူတို့စကားကို ခိုးနားထာင်ခဲ့တယ်"

အဒေါ် ကြီးက သူကြားခဲ့ရတဲ့စကားတွေကို
ပြန်ပြောတော့ဝမ်ရိပေါ် မေးကြောများတင်းခနဲ ဖြစ်သွားသည်။ ယန်မိန်မိန် မင်းအမေနဲ့ ပေါင်းပြီး ငါ့ကိုအရာအားလုံးဖုံးကွယ်ဖို့ကြိုးစားနေတာပဲ။

ဒီပုံစံအတိုင်းသာဆို သူမကိုလွတ်ထားလို့မဖြစ်တော့ပေ။ သူ့ကိစ္စနဲ့ပက်သက်
ပြီး ယန်မိန်မိန်တို့သားအမိသည် သူတို့ပြောတဲ့ဆရာဆီ ခဏခဏသွားတာဖြစ်နိုင်သည်။

 Piano Cafe | Completed | ✔✔Hikayelerin yaşadığı yer. Şimdi keşfedin