Final (uni)

761 73 9
                                    


လာနေကျနေရာကိုရောက်တော့ ဝမ်ရိပေါ်
ခြေလှမ်းများတန့်သွားရသည်။စိမ်းစိုစိုသစ်ပင်ကြီးတွေနဲ့ ပြည့်နှက်နေတဲ့ထိုနေရာတွင် Piano Cafeဆိုင်လေးအစား
သူရင်းနှီးတဲ့ စန္ဒယားတစ်ခုကိုသာမြင်ရသည်။ အနားသို့ သူအမြန်ပြေးလာခဲ့ပြီး
ကောင်လေးကို သူအော်ခေါ် နေမိသည်။

ရင်းနှီးတဲ့နေတဲ့စန္ဒယားကြောင့် တစ်စုံတစ်ရာကို ဝမ်ရိပေါ်
သတိပြုမိသွားသည်။စန္ဒယားကိုယ်ထည်မှာ အင်္ဂ်လိပ်လိုနဲ့ရေးထားတဲ့သူ့နာမည်ကို
မြင်တော့ သူအတော်လေးအံအားသင့်သွားသည်။ဒီစန္ဒယားက တစ်ချိန်က သူအသုံးပြုခဲ့တဲ့ သူ့ရဲ့စန္ဒယားပင်ဖြစ်နေသည်။

လွန်ခဲ့သော (၁၀)နှစ်

တက္ကသိုလ်ဝင်စာမေးပွဲဖြေပြီးနောက်
သာယာသောနွေရာသီမနက်ခင်းတွင်
အဘိုးနဲ့အတူ မိဘမဲ့ဂေဟာတစ်ခုကို
ဝမ်ရိပေါ် ရောက်လာခဲ့သည်။ သူတွေ့ဖူးသမျှတွေမှာ ဒီဂေဟာလေးက အတော်လေး တိတ်ဆိတ်ကာအေးချမ်းပြီး အပင်ပေါင်းစုံ ပန်းမျိုးစုံတွေနဲ့ သာယာလှပလို့နေသည်။နေခြည်က ဝင်းဝင်းတောက်နေပြီး ကောင်းကင်မှာ တိမ်စိုင်တို့ကလည်း
ခရီးသွားနေသည်။ လေညှင်းလေးတွေ
သယ်ဆောင်လာတဲ့ပန်းရနံ့တို့ကြောင့်
ဝမ်ရိပေါ် ရဲ့စိတ် အတော်လေးကြည်သွားသည်။ အစတုန်းက အဘိုးနဲ့လိုက်လာခဲ့မိတာမှားပြီးလို့ ထင်ခဲ့ပေမယ့် အခုတော့
သူစိတ်တွေအေးချမ်းရသည်။ ရှေ့ကိုနည်းနည်းဆက်လျှောက်လာတော့
သစ်ပင်အောက်မှာ ဆော့ကစားနေကြတဲ့ကလေးတစ်ချို့ရဲ့ စကားပြောသံ ၊ရယ်သံတွေက သူ့နားထဲတိုးဝင်လာသည်။

ခါတိုင်းဆို အဲ့ဒီအသံလေးတွေက သူ့အတွက် အနှောင့်အယှက်ဖြစ်နေသည်။
ဒါပေမဲ့ ဒီမနက်ခင်းလေးမှာတော့
ရယ်မောသံ ၊ စကားပြောသံတို့သည်
အတော်လေး နားဝင်ချိုလွန်းလှသည်။
ခပ်ဝေးဝေးမှာမြင်နေရတဲ့ ရွှေရောင်သရဖီပန်းတွေက ခေါင်းမော့ရင်ကော့ ဖူးပွင့်နေ
ကြသည်။နွေဥသြရဲ့တေးသံက တလွင်လွင်နဲ့ ဝမ်ရိပေါ် မှာ စိတ်တို့ကြည်လင်ရင်း
ကြည်လင်သွားရပြန်သည်။

ဂေဟာမှူးဆီရောက်တော့ အဘိုးက
သူ့ကိုမိတ်ဆက်ပေးလာသည်။ အနေ
အေးပြီးနွေးထွေးတဲ့ကောင်လေးမို့ သူလည်း ယဥ်ယဥ်ကျေးကျေးနဲ့ ကိုယ့်ကိုယ့်ကိုယ်မိတ်ဆက်လိုက်သည်။ဒီလိုနဲ့ လူကြီးနှစ်ယောက် စကားပြောတာကြာတော့
ဝမ်ရိပေါ် ပျင်းလာတာကြောင့်
အပြင်ကိုထွက်လာခဲ့တော့သည်။

 Piano Cafe | Completed | ✔✔Donde viven las historias. Descúbrelo ahora