သူမအနမ်းခံလိုက်ရတယ်!
လန်ဂျင်းယွိရဲ့ ချစ်စိတ်မွှန်နေတဲ့ အကြည့်တွေဟာ လဲ့ယောင်းယောင်းကို ကြက်သီးထသွားစေတယ်။ သူ့နှလုံးခုန်နှုန်းက အရင်က တစ်ခါမှ ဒီလောက်မြန်မြန်မခုန်ဖူးဘူး။
*ဒုတ်...ဒုတ်....ဒုတ်....ဒုတ်* နှလုံးသားက အခုန်မြန်လွန်းလို့ ရင်ဘက်ထဲကနေထွက်ကျလာတော့မလားလို့တောင် ထင်ရသည်။
“န၊နင ၊ နင်….”
လဲ့ယောင်းယောင်း စကားတွေထစ်ငေါ့နေတယ်။ လန်ဂျင်းယွိရဲ့ "ဆာလောင်နေတဲ့" အကြည့်တွေကြောင့် သူမ၏မျက်နှာက ဖြူဖျော့သွားတော့သည်။.သူမအခုနေ ထွက်မပြေးနိုင်ဘူးဆိုရင် သူမအစိမ်းလိုက်ဝါးမျိုတာခံရတော့မှာဖြစ်တဲ့အကြောင်း သူမခေါင်းထဲမှာ ကြိုတင်သတိပေးချက်တစ်ခုရှိနေလေတယ်
ဒါကြောင့်သူမကိုယ်ပေါ်မှာပိနေတဲ့လူကို အားကုန်သုံးပြီးတွန်းဖယ်ဖို့ကြိုးစားလိုက်တယ်။ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အမျိုးသမီးတစ်ယောက်ရဲ့ အင်အားဟာ အမျိုးသားတစ်ယောက်ကို ယှဥ်နှိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။သူမအားကုန်သုံးပြီးဆက်ကြိုးစားပါသော်လည်း သူမအပေါ်ကလူကတော့ ဒုံရင်းကဒုံရင်းအတိုင်းပါပဲ။
ယခုအချိန်တွင် လဲ့ယောင်းယောင်းရဲ့ နဖူးဖြူဖြူလေးပေါ်တွင် ပုတီးစေ့အရွယ် ချွေးလုံးတွေတောင်စိုလာတယ်။
ထို့အပြင် သူမ၏ မျက်နှာဖြူဖြူလေးက တဖြည်းဖြည်းချင်း အနီရောင်အဖြစ်သို့ တစ်ဖန်ပြောင်းလဲသွားပြန်တယ်။ ယခုလက်ရှိအချိန် လန်ဂျင်းယွိရဲ့မျက်လုံးထဲမှာတော့ သူမဟာ အာရုဏ်တက်ချိန်မှာ ကျတဲ့နှင်းပေါက်လေးလို စားသောက်ပွဲမှာတည်ခင်းထားတဲ့ အခုမှမှည့်နေတဲ့ အရည်ရွှမ်းတဲ့ မက်မွန်သီးလိုပဲ။
ယခုအချိန်မှာ လန်ဂျင်းယွိက ထိန်းချုပ်နိုင်စွမ်းတွေပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ သူ့မျက်လုံးထဲမှာမြင်နေတဲ့ တစ်ခုတည်းသောအရာလေးက သူ့ရဲ့အရှေ့ကဖျားယောင်းနိုင်စွမ်းအပြည့်ရှိနေတဲ့ နူးညံ့တဲ့ နှုတ်ခမ်းလေးတစ်စုံပဲ။
BẠN ĐANG ĐỌC
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]
Lãng mạnTitle The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Kuang 醉梦轻狂 Status in COO raw: 220 Chapters (Completed) TL: 300 Myanmar Trans.. Cutiecryatal Translatio...