ဆာလောင်မှုကြောင့် နိုးထလာခြင်း
ရှောင်မုဇီက သူမရဲ့ ဘေးကနေကြည့်ကာ အာမေဋိတ်သံပြုခဲ့သည်။“ရှောင်ယောင်းဇီ ၊ နင်က အရမ်းကြည့်ကောင်းတာပဲ!”
“ ဟားဟား၊ နင်ကိုယ်တိုင်ကလည်း မဆိုးပါဘူး!”
တစ်ယောက်ယောက်က သူမကို ချီးကျူးတဲ့အသံကိုကြားတော့ လဲ့ယောင်းယောင်း ကြီးမြတ်တယ်လို့ခံစားလိုက်ရတယ်။ သူမရဲ့ ပုံပန်းသဏ္ဍာန်က မတူတော့ဘူး ပြီးတော့ (မိန်းမစိုးဝတ်စုံကို ၀တ်ဆင်ထားသည်)၊ သူမက အမျိုးသမီးတစ်ဦး ဖြစ်နေဆဲပဲ။ အမျိုးသမီးတိုင်းက လှတာကို နှစ်သက်ကြပြီး သူမမှာခြွင်းချက်မရှိဘူး။
သူမတွေးနေတဲ့အချိန် ရှောင်မုဇီ ကဆက်ပြောလာခဲ့သည်။ “ဒီနေ့ မင်းတော်တော်ကံကောင်းတယ်။ကံကောင်းစွာနဲ့ပဲ မင်းသား ယွေ့ က မင်းကို ကယ်တယ်ခဲ့တယ်။ အဲ့လိုမှမဟုတ်ရင်တော့ ငါနင့်ကို ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာမဟုတ်ဘူး…”
ရှောင်မုဇီ စိတ်ထိခိုက်လွယ်နေတယ်။သူ့မျက်လုံးတွေက နီရဲလာသည်။
သူနဲ့ ရှောင်ယောင်းဇီတို့ နှစ်ယောက်စလုံးက မင်းသား ယွေ့ ရဲ့ အိမ်တော်ကို တစ်ချိန်တည်း မှာဝင်လာခဲ့ကြသည်။သူတို့နှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုက စစ်မှန်တယ်။
ရှောင်မုဇီရဲ့ တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် လဲ့ယောင်းယောင်း နွေးထွေးသွားခဲ့သည်။ အခုကနေစပြီးတော့ ရှောင်မုဇီက သူမ၏ရဲ့မိသားစုအဖြစ် ထာဝရရှိနေမည်ဟု သူမ တိတ်တဆိတ် ဆုံးဖြတ်ချက်ချခဲ့သည်၊ ။ သူ့ကို ထိခိုက်အောင် ဘယ်သူ့ကိုမှ လုပ်ခွင့်မပေးဘူး။ သူတို့လုပ်ခဲလရင် သူမ သေတဲ့အထိ တိုက်ခိုက်ပစ်လိမ့်မယ်!
ကတိသစ္စာပြုပြီးနောက် လဲ့ယောင်းယောင်း တစ်စုံတစ်ခုကို သတိရသွားဟန်တူသည်။နောက်ဆုံးတော့ သူမ ဖြစ်ပျက်ခဲ့တာတွေကို သတိရသွားမိသည်။
မူလက ငရဲမင်း၏မြှားက သူမဆီသို့ ချိန်ထားခဲ့သည်။ ဒါပေနယ့် တစ်နည်းနည်းနဲ့ မြှားကသူမကို ထိမှန်ခါနီးမှာ ကွေးသွားပြီး ပါးဟူရဲ့ ခန္ဓာကိုယ်ထဲသို့ ဝင်သွားခဲ့သည် ။
BẠN ĐANG ĐỌC
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]
Lãng mạnTitle The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Kuang 醉梦轻狂 Status in COO raw: 220 Chapters (Completed) TL: 300 Myanmar Trans.. Cutiecryatal Translatio...