အပိုင်း ၈၅ / ၈၆

574 29 4
                                    

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး

အပိုင်း ၈၅ - ရှောင်ထုဇီကို ဌားရမ်းခြင်း။

“လူဆိုးဂိုဏ်းမှာ ဆေးစာရှိတယ်လို့ ဆရာက ပြောပြတယ်။  အပျိုစင်တစ်ရာရဲ့ သွေးနှင့်နှလုံးရှိလျှင် မသေနိုင်သောဆေးကို ထုတ်လုပ်နိုင်တယ်လို့ ကောလဟာလတွေက ပြောတယ်။ မသေနိုင်သောဆေးသည် လူတစ်ဦးကို အသက်ပြန်ရှင်စေနိုင်တယ်။  သူတို့ ဒီလောက် အကြီးစား သတ်ဖြတ်နေတာ ဆိုတော့ သူတို့ ဒီဆေးပြား ထုတ်လုပ်ဖို့ ရည်မှန်းထားတာ သေချာတယ် ”

လန်ဂျင်းယွိက အသေအချာပြောလိုက်သည်။  သူ့မျက်နှာက အရမ်းလေးနက်နေပုံပဲ။

ဒါကိုမြင်တော့ နန်ကုန်းကျင်းရှီ နဲ့ လဲ့ယောင်းယောင်းက လန်ဂျင်းယွိ စိတ်ပူနေတာကို သိလိုက်သည်။

တကယ်တော့ ဒီဆေးကို ဖန်တီးဖို့ အပျိုစင် အယောက်တစ်ရာ လိုအပ်ခဲ့ရင် အပြစ်မဲ့ သားကောင်တွေ အများကြီး ရှိနေဦးမယ်လို့ ဆိုလိုပါတယ်...

“အကိုကြီး၊ အပျိုစင် ဘယ်နှစ်ယောက်သေပြီးပြီလဲ”

လန်ဂျင်းယွိရဲ့ အေးစက်သော မျက်ဝန်းများက စိုးရိမ်မှုကို ထုတ်ဖော်လာသည်။  သူက ပါးစပ်ကိုဖွင့်ပြီး “နှစ်ဆယ့်လေး” ဟု အေးစက်စွာ ပြောလိုက်သည်။

"ဘာ။ နှစ်ဆယ့်လေး?!  ယုတ်မာတဲ့ဘာသာတရားက ပေါ်လာပြီး အပြစ်မဲ့မိန်းမပျို ခုနစ်ဆယ့်ခြောက်ယောက်ကို သတ်မယ်လို့ ဆိုလိုတာမဟုတ်လား။  မသေနိုင်တဲ့ဆေးကို ထုတ်လုပ်ဖို့ တကယ်ကြိုးစားနေတာလား။”

“လောလောဆယ်တော့ တိတိကျကျ မပြောနိုင်သေးဘူး။  ဒါပေမယ့် ရှင်းက စုံစမ်းဖို့သွားခဲ့တယ်။  ငါတို့ မကြာခင် သိလာလိမ့်မယ်”

လန်ဂျင်းယွိ ပြောပြီးနောက် နန်ကုန်းကျင်းရှိက "အိုး" နဲ့ ပြန်ဖြေတယ်။  လောလောဆယ်တော့ စာကြည့်ဆောင်က အရမ်းငြိမ်နေတယ်။  ပြုတ်ကျတဲ့ အပ်တစ်ချောင်းကို ကြားရလောက်အောင် တိတ်ဆိတ်နေခဲ့တယ်။

နန်ကုန်းကျင်းရှီက နောက်ဆုံး ဤထိတ်လန့်ဖွယ်သတင်းကို လက်ခံပြီးနောက်တွင် သူ ရေငတ်သလို ခံစားခဲ့ရသည်။  ထို့ကြောင့် လက်ဖက်ရည်ခွက်အဖုံးကို ရုတ်လိုက်ပြီး လက်ဖက်ရွက်ပေါ်တွင် အနည်းငယ်မှုတ်လိုက်သည်။  ထို့နောက် နှုတ်ခမ်းကို ဖြည်းညှင်းစွာ စုပ်လိုက်ပြီး အရသာကို စတင် မြည်းစမ်းလိုက်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Donde viven las historias. Descúbrelo ahora