ဖိညှစ်ခံရခြင်း
မိန်းမစိုး၏ မျက်နှာသွင်ပြင်ငါးပါးက နူးညံ့သိမ်မွေ့စွာ တပ်မက်နေပုံရသည်။ သူ၏ စူးစမ်းလိုစိတ်ကြီးသော မျက်လုံးများသည် ဆွဲဆောင်မှုအရှိဆုံး အသွင်အပြင်များဖြစ်သည်။ ဘဲဥပုံမျက်နှာ၏ လေးပုံတစ်ပုံခန့်ကို ယူထားသည်။
လန်ဂျင်းယွိက ဤမျှကြီးမားပြီး ထင်ရှားတဲ့ မျက်လုံးများကို တစ်ခါမျှ မမြင်ဖူးပေ။ “သူ့” မျက်လုံးများက စိုစွတ်နေပြီး နေရောင်လှိုင်းများကို ရောင်ပြန်ဟပ်နေသည်။ သူတို့ရဲ့ အပြစ်ကင်းပြီး မသေနိုင်သောအဖြစ်ကို မြင်ရသည်။ တစ်ချိန်တည်းမှာပင် သူတို့၌ ယုတ်မာမှုအရိပ်အမြွက် ပေါ်လာသည်။ ဤအခိုက်အတန့်တွင် ဤချစ်စဖွယ်မျက်လုံးတစ်စုံက သူ့ကိုတည့်တည့်စိုက်ကြည့်နေသည်။ ပိုင်ရှင်မဖုံးကွယ်နိုင်တဲ့ သာယာသော ထိတ်လန့်မှုကို ထုတ်လွှတ်လိုက်ကြသည်။
“သူ့” အတွေးတွေကို သူ့မျက်ဝန်းတွေကနေ မြင်နိုင်တယ်။ အခုအချိန်မှာတော့ လန်ဂျင်းယွိ သူ့ကိုယ် သူ ဘယ်လောက်သဘောကျစရာကောင်းကြောင်း ပြောပြနိုင်ပြီပေါ့။ လန်ဂျင်းယွိက သူ့ကိုယ်သူ ကျေနပ်တာ မထိန်းနိုင်ဘဲ ဖြစ်နေသည်။
လန်ဂျင်းယွိက တခါမှ ဒီလိုမခံစားဖူးဘူး။ ဒီမိန်းမစိုးက စိတ်ဝင်စားဖို့ကောင်းတာ သေချာတယ်။
"မင်းဘယ်သူလဲ ?" လန်ဂျင်းယွိက မေးလိုက်တယ် ။
ဧပြီလဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်ပေမဲ့ သူ့ရဲ့အေးစက်တဲ့အသံက ရုတ်တရက် နှင်းမုန်တိုင်းကျနေသလို ခံစားရတယ်။ လဲ့ယောင်းယောင်း တုန်လှုပ်သွားပြီး ရူးသွပ်စွာ နိုးထလာသည်။
ဟေး၊ ပူနေပေမယ့် သူ့အသံက လူတစ်ယောက်ကို သေတဲ့အထိ အေးခဲသွားစေနိုင်တယ်။
လဲ့ယောင်းယောင်း ရုန်းထွက်ပြီးတဲ့ နောက်မှာတော့ သူမရှေ့က လူက ရက်စက်ကြမ်းကြုတ်တဲ့ မင်းသား ယွေ့ ပဲဆိုတာ သိလိုက်ရတယ်။
လဲ့ယောင်းယောင်းက ဤနေရာသို့ သူမခြေမချမီတွင် သူမသည် မင်းသား ယွေ့၏ သနားညှာတာမှုကင်းသော ဇာတ်လမ်းများနှင့် ထိတွေ့ခဲ့ဖူးသည်။ ထို့ကြောင့် တုန်လှုပ်ပြီးနောက် သူမသည် ကြောက်ရွံ့မှုသာ ခံစားခဲ့ရသည်။ သူမ အရမ်းကြောက်သွားပြီး ပြန်မဖြေရဲဘူး။
ESTÁS LEYENDO
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]
RomanceTitle The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Kuang 醉梦轻狂 Status in COO raw: 220 Chapters (Completed) TL: 300 Myanmar Trans.. Cutiecryatal Translatio...