၁၂၈ / ၁၂၉ / ၁၃၀ / ၁၃၁ / ၁၃၂

326 12 0
                                    

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး

အပိုင်း ၁၂၈ - အရမ်းရှက်စရာကောင်းတယ်။

 ထို့နောက် လဲ့ယောင်းယောင်းက ငုံ့ကာ ငရဲမင်း၏ ရင်ဘတ်ပေါ် လေမှုတ်ထုတ်လိုက်သည်။

 ထိုအချိန်တွင် လဲ့ယောင်းယောင်းက သူမရှေ့မှလူသည် အနန္တတန်ခိုးရှင်ငရဲမင်းဖြစ်သည်ကို လုံးလုံးမေ့သွားခဲ့သည်။ နက်နက်ရှိုင်းရှိုင်းသိရုံမျှမက သူ့ကို ဂရုတစိုက်နဲ့ သနားကြင်နာသည်။

 ငယ်ငယ်က လဲကျလာတဲ့အခါ သူမအဖေက သူမကို အမြဲတမ်း ညင်သာစွာ ပြောလေ့ရှိသည်။ “သမီးလေး။ အရမ်းနာကျင်နေလား ဖေဖေ မှုတ်ပေးပြီးရင် မနာတော့ဘူး။”

 သူမအဖေရဲ့စကားတွေက လက်တွေ့မကျမှန်း သူမသိပေမဲ့ ဒါက သူမအတွက် နှစ်သိမ့်မှုဖြစ်စေသည်။ ဒါကြောင့် ဖခင်ဖြစ်သူက ဒဏ်ရာကို မှုတ်ပြီးနောက်မှာ နာကျင်မှုကို သက်သာသွားစေသည်။

 ထို့ကြောင့် လဲ့ယောင်းယောင်းက မတွေးဘဲ လူတိုင်းရှေ့တွင် ဤရယ်စရာကောင်းသော အပြုအမူကို ပြုလုပ်ခဲ့သည်..။

 လူတိုင်းရဲ့ တုံ့ပြန်မှုက-

 “အိုး….” လန်ဂျင်းယွိက စကားမပြောနိုင်ခဲ့ပေ။

 *ဖွီ* နန်းကုန်းကျင်းရှီက သူ့လက်ဖက်ရည်ကို ထွေးလိုက်မိသည်။

 *ဟီး * တုန်းဖန်းပိုင်က ရယ်မောလိုက်သည်။

လဲ့ယောင်းယောင်းက သူမလုပ်ခဲ့သမျှကို သဘောပေါက်သွားပြီး ချက်ချင်းပင် သူမ၏ပါးပြင်များ ပူလောင်သွားသည် ။ သူ့ခေါင်းထဲက အငွေ့တွေ ထွက်လုမတတ်ပင်။

 ဘုရားရေ သူမ ရူးနေတာလား။

 ဒီလိုမျိုး လုပ်မိတာ ရူးသွပ်နေတာဖြစ်ရမယ်။

 သူမသည် ငရဲမင်ကို အလွန်ရက်စက်သော စကားကို မည်သို့ပြောနိုင်မည်နည်း။

 အားးးး သူမ မနေချင်တော့ဘူး။

 လဲ့ယောင်းယောင်းက စိတ်ထဲတွင် အော်ဟစ်လိုက်သည်။ သူမ၏ပါးပြင်များသည် နီရဲနေသောကြောင့် ပြုတ်ထားသော ပုဇွန်တစ်ကောင်လို ဖြစ်နေသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Hikayelerin yaşadığı yer. Şimdi keşfedin