အပိုင်း ၂၁

1K 60 0
                                    

အရှင်က ပုလွေမှုတ်လိုက်တဲ့သူလား?

P.S.  စာရေးသူက ကျောက်စိမ်းကို တမ်းတမ်းစွဲနေတယ်။  lol (ငါဆိုလိုတာကို မင်းမြင်လိမ့်မယ်)


ဒါပေမယ့် လဲ့ယောင်းယောင်း၏ တုံ့ပြန်မှုကြောင့် သူ့မျက်လုံးတွေထဲက အေးစက်မှုတွေက လျော့ကျသွားပါတော့တယ်။


လန်ဂျင်းယွိက ခြေဖဝါးကို လှည့်လိုက်ပြီး သူ့နောက်ကျောကို လဲ့ယောင်းယောင်းဆီ မျက်နှာမူလိုက်ကာ လမ်းလျှောက်ထွက်သွားတော့တယ်။


ဒါကိုမြင်တော့ လဲ့ယောင်းယောင်း အားပါးတရပြုံးလိုက်သည်။ လန်ဂျင်းယွိ ထွက်သွားကတည်းက သူမအသက်ကို ချမ်းသာပေးလိုက်တာပဲလို့ သူမတွေးလိုက်သည်။ သူမက သူ့ပတ်ဝန်းကျင်တွင် ရှိနေဖို့မလိုအပ်ဘဲ ခြေလှမ်းတိုင်းကို သတိထားရမယ်!


အီး  သူမ ဘာကိုမှ မကြောက်ဘူး။ အခုတော့ သူမ ပင်ပန်းလာပြန်ပြီ။  သူမ ပြန်ပြီးတော့ ပိုအနားယူသင့်တယ်။

ဒါကိုတွေးပြီး လဲ့ယောင်းယောင်း ချက်ခြင်းလှည့်လိုက်ကာ လန်ဂျင်းယွိရဲ့ ဆန့်ကျင်ဘက်ဆီကို လျှောက်သွားလိုက်တယ်။ ခြေထောက်ကို ဆီသုတ်ထားသလိုမျိုး ပြေးဖို့ ဆုံးဖြတ်လိုက်တယ်။

မထင်မှတ်ပဲ အေးစက်စက်အသံတစ်ခုက သူမရဲ့ အံ့မခန်းအစီအစဉ်ကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်။

“မင်းဘယ်သွားမို့တွေးနေတာလဲ ဒီကိုပြန်လာ ? !” လို့သူ ကသတိပေးလာတယ်။

“အမ်….”


လဲ့ယောင်းယောင်း  ထိတ်လန့်သွားပြီး  သူမ နားမလည်တော့ဘူး။

လဲ့ယောင်းယောင်း ဘယ်လိုမှ မလှုပ်ရှားတာကို မြင်လိုက်ရတော့ လန်ဂျင်းယွိ ရဲ့ မျက်နှာက မည်းမှောင်သွားပြီး အပူချိန်က နှစ်ဒီဂရီ ကျဆင်းသွားပြန်သည်။

လဲ့ယောင်းယောင်း ခေါင်းမှခြေဖျားထိ တုန်လှုပ်သွားကာ သူမချက်ချင်းပဲ သတိထားပြီးကြည့်မိလိုက်သည်။

ထိုအေးခဲနေသောမျက်ဝန်းအိမ်တွေကို သူမ စိုက်ကြည့်လိုက်တဲ့အခါမှာတော့ လဲ့ယောင်းယောင်းရဲ့ ခြေဖဝါးအောက်ခြေကနေ အေးစက်တဲ့လေရဲ့ အငွေ့အသက်တွေက သူမရဲ့ခေါင်းဖျားဆီသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Where stories live. Discover now