၁၃၃ / ၁၃၄ / ၁၃၅ / ၁၃၆

851 23 1
                                    


ကိုယ်ဝန်နဲ့ မိန်းမစိုးလေး

အပိုင်း ၁၃၃- သူ့ငှက်ကြီးနဲ့ သူမကို တို့နေတယ်

 

လန်ဂျင်းယွိ ၏ ပူနွေးသောအနမ်းနှင့် ပတ်သတ်၍ လဲ့ယောင်းယောင်း အံ့အားသင့်သွားသည်။

ချီးပဲ! သူမပြောသမျှကိုတောင် သူနားထောင်ခဲ့ရဲ့လားအဲ့တာ အားလုံးက အမှိုက်ပဲလား။

သူမက သူ့ကိုရှင်းပြပြီးပြီ၊ ဒါတောင် သူမကို နမ်းတုန်းပဲလား။

 အိုး မဖြစ်ဘူး။ သူ့ကိုယ်သူ မထိန်းနိုင်တော့လို့ ဖြစ်နိုင်ပါ့မလား။ သူ ဒီည သူမကိုအပြီးသတ်မှာလား။

ဘုရားရေ 

သူမ ဘာလုပ်သင့်လဲ။

ထွက်ပြေးမယ်

 ဒါကမဖြစ်နိုင်ဘူး။ သူမကိုသူကချုပ်ထားပြီးသား။ သူမတစ်လက်မလေးတောင် ရွေ့လို့မရဘူး။

သူ့ကို အလဲထိုးပစ်မယ်

အဲဒါက ပိုလို့တောင် ရယ်စရာကောင်းသေးတယ်။ သူမရဲ့ အရည်အချင်းတွေနဲ့ မဖြစ်နိုင်ဘူး။

သူမယုံကြည်မှု ကင်းမဲ့ခဲ့တာမဟုတ်ပေမယ့် သူတို့ကြားက ခွန်အားကွာခြားချက်က ကြီးမားလွန်းသည်။ ငရဲမင်းက ဒဏ်ရာရထားသော်လည်း သူမအား လက်တစ်ဖက်ဖြင့် ပြားသွားအောင်ဖျစ်ညှစ်နိုင်သေးသည်။ သူ့ကို အနိုင်ယူဖို့ ကြိုးစားတာက မဖြစ်နိုင်တာကို ကြိုးစားနေသလိုပဲ။

ဒေါသတွေထွက်ပြီး သူမကို ပိုနှိပ်စက်ဖို့ သူဆုံးဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

လဲ့ယောင်းယောင်းသည် လွတ်မြောက်ရန် နည်းဗျူဟာများကို တွေးတောနေဆဲဖြစ်သည်။ သို့သော် သူမသည် ငရဲမင်း၏ ပူပြင်းသောအနမ်းကို သူမထိန်းမထားနိုင်တော့ပေ။ ထို့အပြင် သူ့လက်ကြီးသည် သူမ၏ ခန္ဓာကိုယ်အနှံ့ သွားနေသည်။ အဲ့တာက သူမရဲ့ခန္ဓာကိုယ်ကို တုန်ယင်ပြီးလိုချင်တဲ့စိတ်ဆန္ဒတွေဖြစ်ပေါ်စေသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Donde viven las historias. Descúbrelo ahora