အပိုင်း ၇၉ / ၈၀

613 32 0
                                    


ကိုယ်ဝန်နဲ့ မိန်းမစိုးလေး

အပိုင်း ၇၉ - ငရဲမင်းက မပေးဘူးတဲ့!


မင်းသား ၇ ရောက်ရှိလာခြင်းကို လျှို့ဝှက်ထားရမည်။  ဒါကြောင့် လန်ဂျင်းယွိက ဒီသတင်းကို ဘယ်သူ့ကိုမှ ဖြန့်ခွင့်မပေးဘူးလို့ အမိန့်ထုတ်လိုက်တယ်။


နောက်ပြ မင်းသား ၇ ဒီမှာနေမှာဖြစ်တာကြောင့် သူက  ယဖန်းကော * ၏ဘေးတွင်ရှိသော ချင်ချောက်ကော  ကို သန့်ရှင်းရေးလုပ်ရန် မိန်းမစိုးခေါင်းဆောင်အား အမိန့်ပေးခဲ့သည်။

နန်ကုန်းကျင်းရှီက လောလောဆယ်တွင် နာကျင်နေသော်လည်း သူ့ဗိုက်ပြည့်နေကတည်းက ဤအစီအစဥ်ကို ကျေနပ်နေသည်။ နောက်တော့ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။

“အိုး ဟုတ်ပြီ အစ်ကိုကြီး ၊ အခု ချင်ချောက်ကောကို ရွှေ့တော့မယ်၊ ကျွန်တော့်ကို ခစားဖို့ မိန်းမစိုးတစ်ယောက် ပေးရမယ်!”

*မှတ်ချက်- ရှေးခေတ်တရုတ်ပြည်တွင် ချမ်းသာသော မိသားစုများသည် ဤကဲ့သို့ အသွင်တူသည့် အဆောင်များတွင် နေထိုင်ကြသည်။  နေအိမ်တစ်ခုစီတွင် ဤအဆောင်အချို့ရှိမည်ဖြစ်ပြီး ၎င်းတို့တစ်ခုစီတွင် အမည်တစ်ခုစီရှိမည်ဖြစ်သည်။  မင်းသား ယွေ့ အဆောင်ကို ယဖန်းကော ဟုခေါ်ပြီး မင်းသား၇ရဲ့ အဆောင်ကို ရှင်ချောက်ကော ဟုခေါ်သည်။  ပြီးခဲ့တဲ့chapterတွေက ငါ ၎င်းနှင့်ယှဉ်ဖို့ အခြားဘာမျှမရှိတာကြောင့် ၎င်းကို သူ၏ဝင်းအတွင်းလို့သာ ဘာသာပြန်ခဲ့တယ်။  ဒါပေမယ့် အခုအချိန်မှာတော့ မင်းသား ၇ က ဘေးအိမ်က ပြောင်းရွှေ့လာတဲ့အတွက် ဒီထက်ပိုပြီး အတိအကျပြောရပါမယ်။


ဤတွင် ပုံနှစ်ပုံသည် သင့်အား ပိုမိုကောင်းမွန်သော အကြံဥာဏ်ပေးရန်အတွက် ဖြစ်သည်။  တစ်ခါတစ်ရံတွင် မဏ္ဍပ်ကို ရေပေါ်၌ ဆောက်ထားနိုင်သည်။

*ဒါက ခြံဝင်းရဲ့ အတွင်းပိုင်းပုံစံပါ။

*ဒါက ရေပေါ်မဏ္ဍပ်ပါ။  ဒါတွေက ဟိုတုန်းက ဒီလို ဆောက်တာများတယ်။


နန်ကုန်းကျင်းရှီ နဲ့ လန်ဂျင်းယွိတို့က ထိုက်ရှန်တွင် လေ့ကျင့်နေစဉ် ဝေဒနာများစွာ ခံစားခဲ့ရသော်လည်း ယခုအခါ လေ့ကျင့်ရေးမှ ပြန်လာကြပြီဖြစ်သည်။  အဆုံးတွင် သူသည် မင်းသားဖြစ်ဆဲဖြစ်သည်။  သူ၏ မြင့်မြတ်သော အဆင့်အတန်းကြောင့် မင်းသား၇သည် အတွင်းအပြင် ခစားခြင်းကို ကျင့်သားရခဲ့သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Место, где живут истории. Откройте их для себя