(Uni)
ထယ်လဲကျောင်းရောက်တော့ တွေ့ပါပီး အထင်မြင်သေးတဲ့မျက်လုံးတေ၊ ကဲ့ရဲ့ရှုံ့ချချင်သူတေ၊ မနာလိုသူတေရဲ့စကားသံများက ဦးစွာဆီးကြိုနေလေ၏။
ဒီကိစ္စတေကဖြစ်နေကြမို့ လျစ်လျူရှုလိုက်ပီး ဂရုမစိုက်စွာ ကိုယ့်အခန်းကိုယ်သွားရန်ပြင်လိုက်စဉ် ကြားလိုက်ရတဲ့ စကားကြောင့် ဒေါသထွက်မိသည်။
"ဟဲ့...နင်သိလားအဲ့ဒီKim Taehyungဆိုတဲ့ကောင်ကလေအကိုMinwooကိုဘယ်လိုတေမြူစွယ်ထားလို့ဒီကောင်ကုိရွေးလိုက်လဲမသိပါဘူး...ဟယ်"
"အေးဟယ်...အဲ့ကောင်ကလဲ အကိုMinwooကပိုက်ဆံလဲရှိ ရုပ်ရည်ကလဲရှိတော့ အပိုင်တွက်ပီး လိုက်တွယ်ကပ်နေတာလေ အကိုMinwooကတော့...သူ့ကိုအပျော်တွဲရုံ သက်သက်ပဲနေမှာ....."
TaeHyungမှာ သည်းခံနိုင်တဲ့အတိုင်းအတာကျော်လွန်သွားပီဖြစ်သည်။
"ဒီမှာ....မင်းတို့မိန်ကလေးဖြစ်ပီးသူများအတင်းကိုပြောနေတာမရှက်ဘူးလား....ငါက အကို့ကို မြူလဲမမြူစွယ်သလို အပိုင်တွက်ပီး လိုက်တွယ်ကပ်နေတာမဟုတ်ဘူး ပီးတော့ အကိုကငါ့ကိုအပျော်တွဲနေတာ မဟုတ်လို့
နင်တို့လိုက်ပူနေစရာမလိုဘူး....ဒါမှမဟုတ် အကိုကနင်တို့ကုိမရွေးပဲငါ့ကို ရွေးလိုက်လို့လား.....""နင်ဘာပြောလိုက်တယ်.....နင်..နင်..."
"ကြားတဲ့အတိုင်းပဲလေ....ဟက်....."
ကျွန်တော်လဲ...ဟက်....ခနဲတစ်ချက်ရီကာထိုနေရာမှထွက်လာခဲ့တော့တယ်...အနောက်က ကောင်မလေးတေကတော့ တရှူးရှူးတရှဲရှဲနဲ့ကျန်ခဲ့လေတယ်။
အခန်းထဲရောက်တော့ ခုနက ကောင်မလေးတေ ပြောတဲ့စကားများကို ပြန်ကြားယောင်ပီး အတွေးများက
လွန်ခဲ့သောနှစ်များဆီသို့........ဒီနေ့ထယ်ယောင်းUniဒုတိယနှစ် စတက်ရမယ့်နေ့ဖြစ်သည်။
ထယ်ယောင်းလဲ ကျောင်းသွားရန် အကုန်ပြင်ဆင်ပီးကာကျောင်းသို့ ထွက်လာခဲ့တော့သည်။
ကျောင်းသို့ရောက်တော့အခန်းထဲ၌ စာသင်ရန် စောင့်နေလိုက်သည်။
စာသင်ချိန်ရောက်တော့ အခန်းထဲ၌လဲ လူစုံနေပီဖြစ်သည်။ ခဏနေတော့ အခန်းထဲကို ဆရာမရောက်လာပီး ကျောင်းသားသစ် တယောက်နဲ့ မိတ်ဆက်ပေးတယ်။

YOU ARE READING
♡My Second Love With Daddy Jeon♡
Fanfiction(Uni) "Baby"ကို ကိုယ့်အချစ်တွေနဲ့ပြန်ပီးအစားထိုးချစ်ပေးမှာမို့နောက်တစ်ကြိမ်ထပ်ချစ်ဖို့ကိုကြောက်ရွံမနေပါနဲ့တော့...... (Jeon Jungkook) အချစ်ဆိုတဲ့အရာကိုနောက်တစ်ကြိမ်ထပ်ချစ်ဖို့ကြောက်ရွံပီးယုံကြည်မှုမရှိတော့ပေမဲ့ခင်ဗျားကိုတော့မျက်စိမှိတ်ယု...