✨8✨

183 17 0
                                    

(Uni)

"သူ့ကို အထဲပေးဝင်လိုက်တော့"

"ဟုတ်ကဲ့ Boss"

သူအကို့အိမ်ကိုလာခဲ့ပေမယ့် အိမ်ရောက်တော့ အမဲရောင်ဝတ်စုံပြည့်နဲ့လူတေက ခြံထဲတောင်ပေးမဝင်ဘဲ သူ့ကိုမောင်းထုတ်နေကြတယ်။

ဒါပေမယ့်လဲ အခုအဖြစ်အပျက်တေကို အမှန်ဟုတ်မဟုတ် အကိုကပဲအဖြေပေးနိုင်မှာမို့ သူမပြန်ဘဲခြံရှေ့မှာရပ်နေတာအတော်ကြာပီ။

ခဏကြာတော့..ထိုလူတေရဲ့အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူက အမိန့်တခုရတယ်ထင်သည် သူ့ကိုခြံတံခါးကိုဖွင့်ပေးပီး အိမ်ကြီးဆီကိုခေါ်လာခဲ့သည်။

အိမ်ထဲရောက်တော့ တွေ့ပါပီ သူ့တို့ဝင်လာတဲ့ဘက်ကိုကျောပေးပီး မတ်တတ်ရပ်နေတဲ့အကို့ကို..

"အကို..!! အင့်.."

သူအမြန်ပဲ အကို့ကိုအနောက်ကနေပြေးဖက်လိုက်တယ် ထိုအခါ အကိုကကျောပေးရာကနေလှည့်လာပီး ဖက်ထားတဲ့လက်တေကုိဖြည်ချကာ သူ့ကိုစိုက်ကြည့်လာတဲ့အကို့မျက်ဝန်းတေက အရင်လိုမဟုတ်တော့ဘူး အရမ်းကိုပြောင်းလဲသွားတယ် ဒါပေမယ့်လဲ သူသိချင်တာကိုတော့မေးရမည်။

"အကို အခုသတင်းတေကအမှန်တေမဟုတ်ဘူးမလား ဟင်.."

သူထိုစကားဆိုလိုက်တော့ အကိုက"အင်းး..ထင်တဲ့အတိုင်းပါပဲလား...အဲ့သတင်းတေအကုန်အမှန်တေပဲဆိုရင်ရော"တဲ့

"ဟင့်အင်းမဖြစ်နိုင်ဘူး အကိုကထယ့်ကိုချစ်တာပဲဟာ အကြောင်းတခုခုကြောင့် အခုလိုလုပ်ရတာမလား"

"မင်းရူးနေလား ယောကျာ်အချင်းချင်းချစ်ရအောင်ငါ ကမင်းလိုအခြောက်မဟုတ်ဘူး ငါ့ဘဝမှာအရမ်းချစ်ရတဲ့သူတယောက်ပဲရှိတယ် အဲ့တာငါနဲ့အခုလက်ထပ်မယ့်  လီဟန်နာဆိုတဲ့မိန်းကလေးပဲ ပီးတော့မင်းကငါ့ရဲ့အစီစဉ်ထဲက အသုံးချခံသားကောင်လေးတကောင် ဖြစ်သွားယုံပဲ"

အကိုပြောနေတဲ့အကြောင်းအရာတေကို လိုက်တွေးလို့မမှီတော့ ဘာတေလဲ..သူနားမလည်နိုင်တော့ပါ။

"အကိုဘာတေပြောနေတာလဲ အဲ့ လီဟန်နာဆိုတဲ့မိန်းကလေးကဘယ်ကပေါ်လာတာလဲ ပီးတော့အစီစဉ်တေ၊အသုံးချခံသားကောင်တေဆိုတာဘာတေလဲ ထယ်တခုမှနားမလည်တော့ဘူး~~"

♡My Second Love With Daddy Jeon♡Where stories live. Discover now