(Uni)
"ဂျောင်ကု စုံစမ်းထားရပီ...မင်းလုံးဝ စပရိုက်ဖြစ်သွားလိမ့်မယ်..."
မနေ့ကသူ့ကိုကြောသွားတဲ့လူအကြောင်း စုံစမ်းခိုင်းထားတာ လာပြောနေခြင်းဖြစ်သည်။
"အိုးဟိုး.... ဘယ်လိုအရာက ကျွန်တော့်ကို စပရိုက်ဖြစ်စေတာလဲပြောပါအုံး"
"ငါမပြောတော့ဘူး..မင်းကိုယ်တိုင်သာဖတ်ကြည့်လိုက်တော့ ရော့.."
သူ..ယွန်ဂီHyungလှမ်းပေးတဲ့စာအိတ်ကို ယူပီးထုတ်ဖတ်ကြည့်လိုက်တယ်။
ခဏကြာတော့....ယွန်ဂီHyungပြောသလို သူ့ကိုလုံးဝ စပရိုက်ဖြစ်သွားစေတယ် အဓိက ကတော့ သူ့အလှလေး အကြောင်းပါ ပါဝင်နေတာကြောင့်ပင်။
"ဘယ်လိုလဲ မင်းလုံးဝ စပရိုက်ဖြစ်သွားပီမလား"
"ဟုတ်တယ် ယွန်ဂီHyung လုံးဝကိုစပရိုက် ဖြစ်သွားတာ အဲ့
ပတ်ခ်မင်ဝူး ဆိုတဲ့ကောင်ကို ကျွန်တော်တုိ့လျှော့တွက်လို့တော့မရဘူး""အေးပါ... ပီးတော့ မင်းရဲ့ အလှလေးကိုရော ဘာဆက်လုပ်ဖို့တွေးထားလဲ"
"ဟက်...အလှလေးတွက် စိတ်မကောင်းပေမယ့်
ကျွန်တော့်အတွက်တော့ လုယူစရာမလိုတော့ဘူးပေါ့ ယွန်ဂီHyungရယ်..""ပီးတာပါပဲ...ဒါနဲ့မနက်ဖြန် ကုမ္ပဏီမှာအစည်းအဝေးရှိတယ် အဲ့ဒါမင်းတက်ရအုံးမယ်"
"အင်း... ယွန်ဂီHyungပစ္စည်းအရောင်းအဝယ်တေရော အဆင်ပြေရဲ့လား"
"ပြေတယ် ဂျောင်ကု စိတ်မပူနဲ့"
"ဟုတ်ပီ..အခု ယွန်ဂီHyungဘာတေလုပ်ဖုိ့ရှိသေးလဲ"
"အာ..ဟုတ်သားပဲ ဒီနေ့ ဂိုဏ်းတခုနဲ့ ပစ္စည်းအလဲလှယ် လုပ်ဖို့ရှိတာ စီစဉ်ပေးရအုံးမယ် Hyungသွားလိုက်အုံးမယ် ဂျောင်ကု"
"ဟုတ်.. ယွန်ဂီHyung"
ယွန်ဂီHyungထွက်သွားတော့မှ သူ့ရဲ့ အလှလေးအကြောင်းတွေးမိတယ် အလှလေးက ပတ်ခ်မင်ဝူးရဲ့အသုံးချခံသားကောင်လေးဖြစ်ခဲ့တာပဲ။
♡𝓜𝔂 𝓢𝓮𝓬𝓸𝓷𝓭 𝓛𝓸𝓿𝓮 𝓦𝓲𝓽𝓱 𝓓𝓪𝓭𝓭𝔂 𝓙𝓮𝓸𝓷♡
ဆိုင်မှာအလုပ်လုပ်နေရင်းအတွေးများ နေမိတယ်... ဟိုတလောက အကို့မိဘတေ ဈာပနပီးတော့ အကိုကအမွေကိစ္စ ေတကြောင့် ဂျပန်ကိုပြန်သွားထဲက အဆက်အသွယ်ပြတ်သွားတာ ဖုန်းဆက်တော့လဲဖုန်းမကိုင်ဘူး...အခုဆိုတပတ်ရှိပီ..

YOU ARE READING
♡My Second Love With Daddy Jeon♡
Fanfiction(Uni) "Baby"ကို ကိုယ့်အချစ်တွေနဲ့ပြန်ပီးအစားထိုးချစ်ပေးမှာမို့နောက်တစ်ကြိမ်ထပ်ချစ်ဖို့ကိုကြောက်ရွံမနေပါနဲ့တော့...... (Jeon Jungkook) အချစ်ဆိုတဲ့အရာကိုနောက်တစ်ကြိမ်ထပ်ချစ်ဖို့ကြောက်ရွံပီးယုံကြည်မှုမရှိတော့ပေမဲ့ခင်ဗျားကိုတော့မျက်စိမှိတ်ယု...